ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက လိပ်ကျွန်းလူသတ်မှုပြန်လည်သုံးသပ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ပန်ကြားခဲ့ကြောင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
သံအမတ်ကြီးဦးဝင်းမောင်ဟာ တရားရုံးရဲ့ သေဒဏ်စီရင်ချက်ကို သူလက်မခံကြောင်း၊ ဒါပေမယ့် လေးစားမှုထားကြောင်း ရှင်းပြထားတဲ့ ကြေညာချက်တစ်ခုလည်း ထုတ်ပြန်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဆက်လက်ဖော်ပြပါတယ်။
` ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ကျနော်တို့ ၀င်ရောက်စွက်ဖက်လိုခြင်းအလျဉ်းမရှိသော်ငြားလည်း ဒီအမှုနဲ့ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးဖို့၊ ပြန်လည်စဉ်းစားပေးဖို့ကို ထိုင်းဝန်ကြီးချုပ်ထံ ကျနော်တို့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်´ လို့ ဦးဝင်းမောင်က ပြောကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။
မနေ့က စနေ့နေ့မှာတော့ လိပ်ကျွန်းအမှုစီရင်ချက်နဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက လက်သင့်ခံကြောင်းခေါင်းစဉ်တပ်ထားတဲ့ သတင်းတစ်ပုဒ်ကို ဘန်ကောက်ပို့စ်က ထည့်သွင်းဖော်ပြခဲ့ပြီး တစ်ရက်အကြာ ဒီကနေ့ တနင်္ဂနွေနေ့မှာ အမှုစီရင်ချက်ကို သူ လက်သင့်မခံပေမယ့် လေးစားမှုရှိတယ်လို့ရှင်းလင်းထားတဲ့သတင်း ထပ်မံဖော်ပြခဲ့တာဖြစ်ပါတယ်။
Ref: Bangkok Post
http://www.bangkokpost.com/…/envoy-calls-for-koh-tao-case-r…
Post a Comment