Byဂျေငြိမ်း
စက်သုံးဆီ ဈေးအဆမတန် မြင့်တက်လာရာကနေ ကုန်ဈေးနှုန်း များပါ လိုက်ပါမြင့်တက်ခဲ့တာ ကြောင့် ပြည်သူလူထုက စစ်အစိုးရအပေါ် မကျေမနပ်ဖြစ်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာမှာ ရဟန်း ရှင်လူ ပြည်သူလူထုပါဝင်တဲ့ ဆန့်ကျင်ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုကနေ ရွှေဝါရောင်တော်လှန်ရေးရယ်လို့ နာမည်ကျော်ခဲ့ပါတယ်။ အဲ့ဒီလှုပ် ရှားမှု ဖြစ်ပွားပြီး ရှစ်နှစ်အကြာ ဖြစ်တဲ့ ဒီကနေ့မှာတော့ ရန်ကုန် မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့က မော်တော်ယာဉ် ဥပဒေသစ်အရ ဒဏ်ကြေးသတ်မှတ်မှုကို မကျေနပ်ရာက ယာဉ်လိုင်းများ ပြေးဆွဲခြင်းမပြုဘဲအစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတစ်ခုကိုစတင်ပြုလုပ်ခဲ့ပါတယ်။
စက်သုံးဆီ ဈေးအဆမတန် မြင့်တက်လာရာကနေ ကုန်ဈေးနှုန်း များပါ လိုက်ပါမြင့်တက်ခဲ့တာ ကြောင့် ပြည်သူလူထုက စစ်အစိုးရအပေါ် မကျေမနပ်ဖြစ်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာမှာ ရဟန်း ရှင်လူ ပြည်သူလူထုပါဝင်တဲ့ ဆန့်ကျင်ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုကနေ ရွှေဝါရောင်တော်လှန်ရေးရယ်လို့ နာမည်ကျော်ခဲ့ပါတယ်။ အဲ့ဒီလှုပ် ရှားမှု ဖြစ်ပွားပြီး ရှစ်နှစ်အကြာ ဖြစ်တဲ့ ဒီကနေ့မှာတော့ ရန်ကုန် မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့က မော်တော်ယာဉ် ဥပဒေသစ်အရ ဒဏ်ကြေးသတ်မှတ်မှုကို မကျေနပ်ရာက ယာဉ်လိုင်းများ ပြေးဆွဲခြင်းမပြုဘဲအစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတစ်ခုကိုစတင်ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရှစ်နှစ်ကဖြစ်ပေါ် ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ဟာ စက်သုံးဆီဈေးတွေ မြင့်တက်မှုကြောင့် ပြည်သူလူထုရဲ့ စား ၀တ်နေရေးအထိပါ ထိခိုက်လာ တဲ့အတွက် အစိုးရကို ကန့်ကွက် ကြတာဖြစ်ပြီး ဒီကနေ့ဖြစ်နေတဲ့ ဆန္ဒထုတ်ဖော်မှုကတော့ အစိုးရ ကို မကျေနပ်လို့၊ ဥပဒေကိုမကျေ နပ်လို့ ယာဉ်လိုင်းပြေးဆွဲခြင်း မပြုဘဲ သပိတ်မှောက်ဆန္ဒပြတယ်ဆို တာကတော့ ပြည်သူ့အကျိုးကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဒီ ကနေ့ ဆန္ဒထုတ်ဖော်နေကြတဲ့ ယာဉ်လိုင်းများဟာ ပြည်သူ့မျက် နှာ၊ ပြည်သူ့အကျိုးစီးပွားကို ထည့်မတွက်ခဲ့ဘဲ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆန္ဒထုတ်ဖော် မှုက အစိုးရအပေါ် ဘယ်လောက် ထိ သက်ရောက်စေမလဲဆိုတာ မသိရပေမယ့် ရန်ကုန်မြို့ဝန်း ကျင်က ပြည်သူအများစုအပေါ် မှာတော့ သက်ရောက်မှုက ကြီးကြီးမားမား ရှိခဲ့ပါတယ်။
‘‘သားရေ ရေချိုးဖို့လုပ်တော့ ၁၀ နာရီထိုးနေပြီ။ ကျောင်း နောက်ကျလိမ့်မယ်။ လိုင်းကား တွေက ရှိမှန်းမသိ။ မရှိမှန်းမသိ။ ကျောင်းကို စောစောသွားဖို့လုပ်။ လိုင်းကားမရှိတဲ့ အဆုံးဆိုရင် တက္ကစီသာ ငှားသွားတော့၊ ကျောင်းနောက်ကျလို့ စာမေးပွဲ မဖြေရဘဲနေဦးမယ်’’ ဒီစကားများကတော့ ကျွန်တော့်ရဲ့ ဘေးအိမ်က ကျောင်းသားမိခင်တစ်ဦး ပြောဆိုလိုက်တဲ့ စကားဖြစ်ပါတယ်။
သပိတ်မှောက်ဘတ်စ်ကား ပိုများလာ၍ ခရီးသွားပြည်သူနှင့် ကျောင်းသားများ ဒုက္ခရောက်နေ ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို လည်း စက်တင်ဘာ ၁၈ ရက်နေ့ ထုတ် ဆဲဗင်းဒေးသတင်းစာမှာ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်း မှာပဲ တစ်ရက်ကိုအစီးရေ ၃၅၀၀ ကျော် ပုံမှန်ပြေးဆွဲနေတဲ့ ရန်ကုန် မှာ ယာဉ်လိုင်းပေါင်း ၁၅ လိုင်း ကျော်မှ အစီးရေ ၇၀၀ ကျော် ပြေးဆွဲမှု ရပ်နားလိုက်ကြောင်း၊ နောက်ပိုင်း ရက်များမှာ ရပ်နား မယ့် ယာဉ်ပိုမိုများပြားလာနိုင် တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေ က ခန့်မှန်းပြောကြောင်း၊ ယာဉ် လိုင်းတစ်လိုင်းမှာ ပျမ်းမျှယာဉ် အစီးရေ ၆၀ ကျော်ရှိရင် ၁၀ စီး ခန့်သာ ထွက်တဲ့အတွက် ခရီး သွားပြည်သူများ ရုံးတက်၊ ရုံး ဆင်းချိန်မှာ အခက်အခဲဖြစ်ပေါ် နေရကြောင်းလည်း ဖော်ပြထား ပါတယ်။
ယာဉ်လိုင်းတွေ ဆန္ဒပြနေ တာကြောင့် နံနက်ပိုင်းစာမေးပွဲဖြေမယ့် ကျောင်းသားများနဲ့ နေ့လယ်ပိုင်းဖြေမယ့် ကျောင်းသားများအတွက် ဆူးလေ၊ တာမွေ၊ ဒဂုံတောင်မြောက်လမ်းဆုံဘက်လမ်းကြောင်းတွေကနေ ကြို/ပို့ အစီအစဉ်များကိုလုပ်ဆောင်ပေးထားရတယ်ဆိုတဲ့ အကြောင်းကိုလည်း တက္ကသိုလ်က ဆရာမတစ်ဦးကပြောဆိုထားတာ လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ တွေ့ခဲ့ရပါတယ်။
ယာဉ်လိုင်းများ မပြေးဆွဲတဲ့ အတွက် သန်လျင်မြို့မှာရှိတဲ့ အ
ရှေ့ပိုင်းတက္ကသိုလ်ကို သွားပြီး စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားတွေထဲက ကျောင်းသားအများစု ကျောင်းတက်နောက်ကျခဲ့ကြောင်း၊ကျောင်းက သက်ဆိုင်ရာ ဆရာများက နောက်ကျရခြင်း အကြောင်းကို မေးမြန်းပြီး စာမေးပွဲ ကို ဖြေဆိုခွင့်ပြုခဲ့ကြောင်းကိုလည်း သတင်းတွေကြားသိနေရ ပါတယ်။ အခုဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် ဘယ်သူတွေအပေါ်ကို ဘယ်လောက် သက်ရောက်စေခဲ့သလဲဆိုတာ ယာဉ်လိုင်းပိုင်ရှင်များနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ သတိချပ်စေလိုပါတယ်။
ယာဉ်လိုင်းတွေ မပြေးဆွဲ ခြင်းကြောင့် စာမေးပွဲဖြေဆိုရ မယ့် ကျောင်းသားတွေအတွက် သွားလာရေးအခက်အခဲ ဖြစ်စေ ခဲ့ပါတယ်။ ဘတ်စ်ကားကိုသာ အားကိုးနေရတဲ့ တစ်နေ့လုပ်မှ တစ်နေ့စား အောက်ခြေအလွှာက လူတွေ သွားလာရေးအပြင် စား ရေး၊ သောက်ရေးအတွက် ဒုက္ခ ကြုံရပါတယ်။ လစာကိုအချိန်နဲ့ သတ်မှတ်ပြီး ရယူကြရတဲ့ ကုမ္ပဏီဝန်ထမ်းတွေ နောက်ကျကြေး ဖြတ်တောက်ခံရပါတယ်။ အစိုးရ ၀န်ထမ်းတွေ အချိန်မီရုံးကို မ ရောက်ခဲ့ကြတဲ့အတွက် အထက်လူကြီးများရဲ့ ဆူပူကြိမ်းမောင်းမှု ကို ခံရပါတယ်။ နေ့စဉ်လှုပ်ရှား ရုန်းကန်ရတဲ့ ဈေးသည်များ၊ ကိုယ်ပိုင်စီးပွားရေးကို တစ်ပိုင် တစ်နိုင်လုပ်ကိုင်နေရသူများရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါ တယ်။ ဘတ်စ်ကားကိုသာ အား ထားရတဲ့ ခရီးသွားပြည်သူအများ စု ခရီးလမ်းမဖြောင့်ဖြူးမှုများနဲ့ ကြုံရပါတယ်။
ရန်ကုန်မြို့တွင်း အများပြည် သူသွားလာရေးအတွက် အဓိက ကျတဲ့ ခရီးသည်ယာဉ်လိုင်းပြေး ဆွဲမှု ရုတ်တရက်ရပ်တန့်သွားခြင်း နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကြုံ တွေ့ခဲ့ရတာ ဒါဟာ ပထမဆုံးအ ကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၇ နှစ်ကျော်ကာလ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးမှာ တစ်ကြိမ် ယာဉ်လိုင်းပြေးဆွဲမှုတွေ ကမောက်ကမဖြစ်ပြီး ရပ်တန့်ခဲ့ ရပါတယ်။ အဲ့ဒါအပြင် လျှပ်စစ်မီးပြတ်တောက်သွားခဲ့တဲ့အတွက် သဘာဝဓာတ်ငွေ့ထုတ်မရလို့ စီအင်န်ဂျီကားတွေ ပြေးဆွဲမှု ရပ်တန့်ခဲ့ရတာလည်း တစ်ကြိမ်မက ရှိခဲ့ပါတယ်။ အဲဒီလို အတွေ့အကြုံတွေရှိထားတဲ့ အစိုးရပိုင်းက ကြိုတင်စီမံ ဆောင်ရွက်မှုအားနည်းနေဆဲဆိုတာကို ဒီကနေ့ဖြစ်စဉ်က သိသာထင်ရှား ပြသနေပါတယ်။ ပြည်သူ့အကျိုးနဲ့ ပတ်သက်ရင် နှောင့်နှေးမြဲ အစဉ်အလာကို ဆုပ်ကိုင်ထားဆဲပဲ ဖြစ်ပါတယ်။
အခုယာဉ်လိုင်း အများစု သပိတ်မှောက်ပြီး မပြေးဆွဲခြင်း ကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခတွေ့ရပါတယ်။ အဲ့ဒီလို အများပြည်သူဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ ယာဉ်လိုင်းတွေ မပြေးဆွဲ တော့တဲ့အခါ ဆိုင်ရာအဖွဲ့အ စည်းတွေနဲ့ အစိုးရက ဘယ်လိုကုစားမှုမျိုးကို အချိန်မီလုပ် ဆောင်ပေးရမယ်။ ဘယ်လိုထိန်း ချုပ်ရမယ်ဆိုတာမျိုး ရှိမနေတာ က မေးခွန်းထုတ်စရာ ဖြစ်သလို၊ အဲဒီလို အများပြည်သူဝန်ဆောင် မှုဖြစ်တဲ့ ယာဉ်လိုင်းတွေ အ ကြောင်း အမျိုးမျိုးကြောင့် ရပ်တန့် သွားခြင်း မရှိအောင်ဆိုတဲ့ ပြည် သူ့အကျိုးကို ရှေးရှုတဲ့ လုပ်ဆောင်ချက်တွေ ဒီနေ့ကာလအထိ ကြို တင်စီမံဆောင်ရွက်မှုတွေ ရှိမနေ သေးတာဟာလည်း မေးခွန်းထုတ် စရာ ဖြစ်ပါတယ်။
ယာဉ်လိုင်းများ မပြေးဆွဲခြင်းရဲ့ အခြေခံဟာ မော်တော်ယာဉ် ဥပဒေသစ်ရဲ့ သက်ရောက်မှု ဖြစ် ပါတယ်။ ဥပဒေဆိုတာ တည်ပြီး ရင် လိုက်နာသွားရမှာ ဖြစ်ပါ တယ်။ မကြိုက်ဘူးဆိုရင် ပြန် လည်ပြင်ဆင်နိုင်ဖို့ ကြိုးစားကြရ ပါမယ်။ ဒီကနေ့ ကာလမှာ မိခင် ဥပဒေလို့ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာတောင် လက်မခံနိုင် တဲ့ ပုဒ်မတွေပါဝင်နေတာကြောင့် ပြင်ဆင်ဖို့ ကြိုးစားနေကြတာ အားလုံးအသိ၊ အမြင်ပဲ ဖြစ်ပါ တယ်။ အဲဒီလိုမှ မဟုတ်ဘူး။ ဥပဒေကို မကျေနပ်လို့ ဆန္ဒထုတ် ဖော်မယ်ဆိုရင်လည်း ပြည်သူကို မထိခိုက်စေမယ့် နည်းလမ်းများ နဲ့ ဆန္ဒထုတ်ဖော်ဖို့လိုမှာ ဖြစ်ပါ တယ်။ ပြည်သူကို ထိခိုက်စေမယ့် နည်းတွေနဲ့ ဆန္ဒထုတ်ဖော်တာ မျိုး၊ ကန့်ကွက်တာမျိုးဆိုတာက တော့ မဖြစ်သင့်တဲ့၊ မလုပ်သင့် တဲ့ လုပ်ရပ်တစ်ခုလို့ မြင်ပါတယ်။
ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ၁၉၆၈ က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ‘‘ကျွန်တော်ကြားဖူးသလို ပြောဆို ပါမည်’’စာအုပ်ထဲမှာ ၀ါရင့် သ တင်းစာဆရာကြီး အောင်ဗလ (ကြေးမုံဦးသောင်း)ရဲ့ ‘‘လူထုဆန္ဒ ပြပါ’’ဆိုတဲ့ ဆောင်းပါးထဲက စာ သားအချို့ကို ပြန်လည်ကောက် နုတ်ဖော်ပြချင်ပါတယ်။ ‘‘ပြည်သူ တို့က အစိုးရအား သူတို့၏ ဆန္ဒ ပြခွင့်ရှိသည်ဟု ကျွန်တော်စွဲမြဲစွာ ယုံကြည်ပါသည်။ သို့သော်ဆန္ဒ ပြနည်းကိုမူ ယခုကဲ့သို့ ထူထောင် နေချိန်၌၊ ချွေတာနေရချိန်၌ ကုန် ထုတ်လုပ်မှုကို ထိပါးစေမည့် အ လုပ်ခွင့်သပိတ်မှောက် ဆန္ဒပြ နည်းမျိုးကိုမူ ကျွန်တော်မထောက် ခံပါ။ ကန့်ကွက်ပါသည်။ နိုင်ငံခြားသုံးငွေ သက်သာမှုအတွက် နိုင်ငံခြားကုန် သပိတ်မှောက် ဆန္ဒပြနည်းမျိုးကိုမူ ကျွန်တော်လေးနက်စွာ ထောက်ခံအားပေးပါမည်။ ဆက်လက်၍လည်း လှုံ့ ဆော်ရေးသားပါဦးမည်’’ဆိုပြီး ဖြစ်ပါတယ်။
ဆရာကြီးရဲ့ ရေးသားချက် မှာကတော့ တိုင်းပြည်က ချွေတာ နေရချိန်ဖြစ်လို့ ဆန္ဒပြရာမှာ ကုန် ထုတ်လုပ်မှုကို ထိပါးစေမယ့် သပိတ်မှောက်မှုမျိုးကို မထောက် ခံကြောင်း ဆိုထားတာဖြစ်ပါ တယ်။ ဆန္ဒပြကြရာမှာ မှန်ကန် တဲ့ ဘက်ကနေ ပြကြဖို့။ အကျိုး၊ အပြစ်ကိုချင့်ချိန် တွက်ဆတတ်ဖို့ အတွက် ဆိုလိုရင်း ဖြစ်ပါတယ်။ ဒီကနေ့ဖြစ်နေတဲ့ ဖြစ်စဉ်ဟာ လည်း အလားတူပါပဲ။ ယာဉ်လိုင်း တွေရဲ့ သပိတ်မှောက်မှုဟာ တ လွဲဆံပင်ကောင်း ဖြစ်နေတယ်လို့ မြင်ပါတယ်။ ပြည်သူ့အကျိုးကို ရှေးရှုခဲ့တဲ့ ဆန္ဒပြမှုမျိုးကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံအားပေး ခဲ့ပါတယ်။ ဥပမာ တစ်ခုပြရရင် ၂၀၁၄ အတွင်းက ဖြစ်ပွားခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ ကန့် ကွက်ဆန္ဒပြမှု ဖြစ်ပါတယ်။ ပြည် သူလူထု တစ်ခဲနက် ထောက်ခံ အားပေးခဲ့ကြပါတယ်။
ဒီကနေ့ကာလမှာ မကျေနပ် တာ၊ မဖြစ်သင့်တာတွေနဲ့ ကြုံ လာခဲ့ရင် ဆန္ဒထုတ်ဖော်မှုကို ဘယ်သူမဆို ပြုလုပ်နိုင်ပါတယ်။ သို့သော် အဲ့ဒီဆန္ဒထုတ်ဖော်မှု တိုင်းဟာ နည်းလမ်းမှန်နဲ့ လုပ် ဆောင်မှုမျိုးဖြစ်ဖို့လိုပြီး ပြည်သူ လူထုအကျိုးကို ရှေးရှုတာမျိုး အခြေခံဖို့လိုမှာ ဖြစ်ပါတယ်။ ဆောင်းပါးအစမှာပြောခဲ့တဲ့ ရွှေ ၀ါရောင်တော်လှန်ရေးဟာ လူထု အကျိုးကို ရှေးရှုခဲ့တဲ့ ဆန္ဒပြမှုဖြစ် လို့ ပြည်သူအများစုက လက်ခံ အားပေးခဲ့ကြပေမယ့် ဒီကနေ့ ယာဉ်လိုင်းတွေ ပြုလုပ်နေတဲ့ ဆန္ဒပြမှုကတော့ လူထုအကျိုးကို ထိခိုက်စေတာကြောင့် နည်းလမ်း မှန်တဲ့ ဆန္ဒထုတ်ဖော်မှုတစ်ခု မဟုတ်ဘူးလို့ ပြောလိုပါတယ်။ ပြည်သူလူထုကလည်း အဲဒီလို ဆန္ဒထုတ်ဖော်မှုကို လက်ခံမှာ မဟုတ်ပါဘူး။ ။
Post a Comment