0

ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုနှင့်ပတ် သက်၍ တပ်မတော်၏ရပ်တည်ချက်မူဝါဒမှာ ဒို့တာဝန်အရေးသုံးပါးကို သိရှိနားလည် စောင့် ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်လေးရပ်ရှိပြီး တပ်မတော် အပေါ် နားလည်မှုရှိသူဖြစ်စေလိုကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြား သည်။
စက်တင်ဘာ ၁၈ ရက်ညနေ ပိုင်းက ပြုလုပ်ခဲ့သော စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်းအ စည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆန္ဒမဲပေးမှု နှင့်ပတ်သက်၍ တပ်မတော်၏ရပ် တည်ချက်မူဝါဒများကို ယင်းကဲ့ သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တပ်ချုပ်က ဆန္ဒမဲ ပေးမှုနှင့်ပတ်သက်၍ တပ်မတော် ၏ရပ်တည်ချက်မူဝါဒမှာ မိမိနိုင်ငံ၊မိမိဒေသအတွက် ကောင်းအောင် ဆောင်ရွက်နိုင်သူ ဖြစ်စေလို ကြောင်းလည်း ထည့်သွင်းပြော ကြားခဲ့သည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြ အေးက‘‘တပ်ဆိုတာက တစ်သွေးတစ်သံ၊ တစ်မိန့်ပဲ သွားတာ။ အရင် လို ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန် ချက်လိုမျိုး ဖြစ်မှာစိုးတယ်’’ ဟု ပြောသည်။
သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦး ရဲထွန်းက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေဖြင့် ယင်းကဲ့သို့ တပ်မတော်တစ်ရပ်လုံး၏မူဝါဒ ဟုမပြောကြားသင့်ဘဲ တစ်ဦးချင်း သဘောထားဟုလည်း ပြောကြား ၍ရကြောင်း ထောက်ပြသည်။
ထို့အပြင် တပ်မတော်မိသား စုများအနေဖြင့် လွတ်လပ်စွာ မဲ ပေးနိုင်သည်ဟုသာပြောကြား သင့်ကြောင်း ဦးရဲထွန်းက ဆက် လက်ပြောသည်။
‘‘တပ်မတော်ဟာလည်း နိုင် ငံ့ဝန်ထမ်းအဖွဲ့အစည်းပဲ။ တက် လာတဲ့ အစိုးရတို့ အစိုးရပေါ့။ ဒီလိုပဲဖြစ်ရမှာပေါ့။ ကိုယ်ကြိုက် တဲ့ပါတီမဲပေးခွင့်ရှိတယ်ပေါ့’’ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ညှိနှိုင်းအစည်းအဝေး တွင် လာမည့် ရွေးကောက်ပွဲ၌ တပ်မတော်ပိုင်းဆိုင်ရာများတွင် လွတ် လပ်ပြီး တရားမျှတမှုရှိရမည်ဖြစ် ကြောင်း ထပ်လောင်းပြောသည်။
လုံခြုံရေးနှင့် ပတ်သက်၍ လည်း ရွေးကောက်ပွဲအကြို၊ ရွေး ကောက်ပွဲကာလနှင့်ရွေးကောက် ပွဲအလွန်ကာလတို့မှာ အရေးကြီး ၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကတိပေး ပြောကြားခဲ့ သည်။ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ‘‘ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး လုပ်ဖို့ပဲ အရေးကြီးပါတယ်’’ ဟု သုံးသပ်သည်။ မဲပေးခွင့်နှင့်ပတ်သက်၍ တစ်စုံတစ်ရာညွှန်ကြားကန့်သတ်ခြင်းမရှိသော်လည်း မိမိဆန္ဒသဘောထားအတိုင်း မဲပေးခွင့်ရ၊ မရကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တပ်မတော် အသိုင်းအဝိုင်းမိသားစုဝင်တစ်ဦးက ပြောသည်။
7Day Daily

Post a Comment

 
Top