ရန်ကုန်မြို့တွင်းရှိ မီးပွိုင့် ၁၅ဝ ကျော်အား ဒစ်ဂျစ်တယ်မီးပွိုင့် အဖြစ် ပြောင်းလဲ သွား မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မှသိရသည်။
ယင်းသို့ပြောင်းလဲတပ်ဆင်ခြင်း အား နိုဝင်ဘာလတွင်စတင်အကောင် အထည်ဖော် သွားမည်ဖြစ်ကြောင်း သိ ရသည်။
''အကြောင်းရင်းကတော့ ယာဉ် ကြောကျပ်တည်း မှုပြဿနာ ကို ဖြေရှင်း နိုင်ဖို့ အတွက်ပါ။ ဆောင်ရွက်ဖို့အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများအား ဖိတ် ခေါ်ထားပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါမီးပွိုင့်ပြောင်း လဲတပ်ဆင်ခြင်းပြုလုပ်ရန် ကုမ္ပဏီ ၂ဝ အဆိုတင်သွင်းထားကြောင်း သိရသည်။
''လျှောက်ထားတဲ့ကုမ္ပဏီ ၂ဝထဲ ကပဲရွေးချယ်သွားမှာပါ။ အကောင်အ ထည်စဖော်မှာ နိုဝင်ဘာလမှာပါ။ ခြောက် လလောက်တော့ သုတေသန လုပ်ရမှာ ဆိုတော့ ပြောင်းလဲတပ်ဆင်မှုပြီးစီးမယ့် အချိန်ကို အတိအကျပြော လို့ မရသေး ပါဘူး''ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ မီး ပွိုင့် ၁၇ဝခန့်ရှိသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.