0

ရထားပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနဟာ စက်မှုဇုန်ထုတ်ယာဉ်၊ သုံးဘီးယာဉ်နဲ့ သက်တမ်းလွန် ယာဉ်အိုနဲ့ ယာဉ်ဟောင်းတွေ အားလုံးကို ဖျက်သိမ်းခွင့်ပြုလိုက်ပြီး အစားထိုး မော်တော်ယာဉ် တင်သွင်းခွင့် ပေးမယ်လို့ ကြေညာပါတယ်။

ကြေညာချက်အရ စက်မှုဇုန်ထုတ်ယာဉ်၊ သုံးဘီးယာဉ်နဲ့ အခြားမည်သည့်ယာဉ် မဆို ယာဉ်ထုတ်လုပ် သက်တမ်း အနှစ် ၂၀ ကျော်ရင် ဖျက်သိမ်းခွင့်ရမှာ ဖြစ်ပြီး အစားထိုးယာဉ် တင်သွင်းခွင့်လည်း ရမှာ ဖြစ်ပါတယ်။

ဖျက်သိမ်းခွင့်ရတဲ့ ကားတွေ၊ သုံးဘီးတွေအနေနဲ့ ၂၀၁၄ ခုနှစ်အတွင်း ဖျက်သိမ်းဖို့ အပ်နှံပြီး အစားထိုးယာဉ် တင်သွင်းမယ် ဆိုရင် မော်တော်ယာဉ်မှတ်ပုံတင်ကြေး ရာခိုင်နှုန်း တချို့လျော့ပေါ့ခံစားရမှာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရောက်သွားရင်တော့ ဘာလျှော့ကြေးမှ ခံစားရတော့မှာ မဟုတ်ပဲ အစားထိုးယာဉ် ၁ စီး တင်သွင်းခွင့်ကိုပဲ ရတော့မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ဟာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ရင် ကြီးမားတဲ့ အပြောင်းအလဲ တခုဖြစ်ပြီး စလစ်လို့ခေါ်တဲ့ တပတ်ရစ် ယာဉ်တင်သွင်းခွင့်လက်မှတ် ဈေးနှုန်း အကြီးအကျယ် ကျဆင်းသွားမှာဖြစ်သလို ကားဈေးနှုန်းလည်း ရာခိုင်နှုန်းတခုအထိ ကျဆင်းသွားနိုင်ကြောင်း ၀ါရင့် ကားဝယ်ရောင်း ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

ACM Credit To: DVB
http://www.ayechanmon-news1.com/
Photo: ကားအများအပြားကို အစားထိုး တင်သွင်းခွင့်ပေးမည်

Post a Comment

Top