ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်များထဲမှ အာဂျင်တီးနားနှင့် ဘယ်လ်ဂျီယံ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အာဂျင်တီးနားအသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။
အာဂျင်တီးနားအသင်းတွင် မက်ဆီ၊ ဟီဂူအင်၊ ဒီမာရီယာစသည့် အဓိက ကစားသမား အစုံအလင်ပါဝင်ခဲ့ပြီး ခံစစ်တွင်လည်း ဂါရေးနှင့်အတူ မန်စီးတီးနောက်ခံလူ ဒီမစ်ချယ်လစ်ကို ပွဲထုတ်လာခဲ့သည်။ ဘယ်လ်ဂျီယံအသင်း တွင်မူ တိုက်စစ်တွင် လူငယ်ကစားသမာအော်ရီဂီကို ပွဲထုတ်ခဲ့ပြီး ဟာဇက်၊ မီရာလက်စ်၊ ဒီဘရိုင်းတို့နှင့် ခြံရံကစားခဲ့သည်။
အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တိုက်စစ်မှူးဟီဂူအင်က ပွဲချိန်(၈)မိနစ်တွင် သွင်းယူခဲ့သည်။ အာဂျင်တီးနား အသင်းသည် ယင်းဂိုးကို ပွဲချိန်တစ်လျှောက်လုံးထိန်းသိမ်းကစားသွားခဲ့ပြီး အနိုင်ရလဒ်ကို ရယူသွားခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းမှာ ဒုတိယပိုင်း တွင် လူကာကူ၊ မာတင်စ်၊ ချက်ဒ်လီတို့ကို ထည့်သွင်းကာ ချေပဂိုးရရှိရန် ကြိုးပမ်း ခဲ့သော်လည်း အာဂျင်တီးနားအသင်းက အမှားအယွင်းမရှိကာကွယ်သွားခဲ့သည်။
ပွဲရလဒ်
အာဂျင်တီးနား ၁-၀ ဘယ်လ်ဂျီယံ
ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့သည့် အာဂျင်တီးနားအသင်း အောင်ပွဲခံနေစဉ် (Photo:AFP)
ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment