0

နယူးယောက်− ရင်သားကင်ဆာကို အစဉ်အလာအတိုင်း အိတ်စ်ရေးဖြင့် စစ်ဆေးခြင်းထက် သုံးဖက်မြင်ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်းက ပိုမိုတိကျစွာဖော်ပြနိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

သုံးဖက်မြင်အိတ်စ်ရေးနည်းပညာ (သို့မဟုတ်) Tomosyn-thesis ဟုခေါ်သော နည်းပညာသည် ရင်သားကင်ဆာဖြစ်ပွားကြောင်းလွဲမှားစွာဖော်ပြမှုများကို လျှော့ချနိုင်ပြီးကင်ဆာရောဂါရှိ၊ မရှိ စစ်ဆေးမှု ပိုမိုတိကျကြောင်း ကနဦးလေ့လာတွေ့ရှိခဲ့ပြီးနောက် အမေရိကန်ဥပဒေ ထိန်းသိမ်းရေးအရာရှိများက ၂၀၁၁ ခုနှစ်အတွင်း သဘောတူခွင့်ပြုခဲ့ကြသည်။

မိမိတို့သိရှိလိုသော အန္တရာယ်ရှိသည့် ကင်ဆာရောဂါကို သုံးဖက်မြင်အိတ်စ်ရေးပုံဖော်စက်ဖြင့် စမ်းသပ်ခြင်းမှာ ပိုမိုတိကျမှုရှိကြောင်းနှင့် ကင်ဆာရောဂါရှိကြောင်း မှားယွင်းဖော်ပြခြင်းအတွက် အမျိုးသမီးများ၏ စိုးရိမ်ပူပန်မှုနှင့် ထပ်မံစမ်းသပ်ရမည့် ကုန်ကျ စရိတ်များကို သက်သာစေကြောင်း ယခုလေ့လာတွေ့ရှိမှုက သက်သေပြနေသည်ဟု လေ့လာမှုကို ဦးဆောင်သူ ဒွန်နာပလီချာက ပြောသည်။

ရင်သားကင်ဆာကို ဒစ်ဂျစ်တယ်အိတ်စ်ရေးနည်းပညာအသုံး ပြုစစ်ဆေးခြင်းထက် သုံးဖက်မြင်ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်းက ၄၁ ရာခိုင်နှုန်းပိုမိုတိကျပြီး ရင်သားကင်ဆာအားလုံးကို စမ်းသပ်တွေ့ရှိနိုင်မှုမှာ ၂၉ ရာခိုင်နှုန်းပိုများကြောင်း၊ သုံးဖက်မြင်ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာရောဂါရှိကြောင်း လွဲမှားစွာဖော်ပြမှုများကို ၁၅ ရာခိုင်နှုန်းလျော့ကျသွားစေကြောင်းလည်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံတွင် အမျိုးသမီး ၄၀,၀၀၀ ခန့်မှာ ရင်သားကင်ဆာရောဂါကြောင့် နှစ်စဉ်သေဆုံးနေသည်။ ယခုလေ့လာတွေ့ရှိမှုကို American Medical Association ဂျာနယ်တွင် ဖော်ပြထားပြီး အမေရိကန်နိုင်ငံ၏ ဒေသ ၁၃ ခုမှ အိတ်စ်ရေးဓာတ်မှန်ရိုက်ကူးမှုပေါင်း ငါးသိန်းနီးပါးကို လေ့လာဆန်းစစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

—Ref: Internet

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top