0
ငါတို့ တုန်းက ဘာလုပ်ခဲ့နိုင်တာ၊ သူတို့ ကျတော့ ဒါတွေပဲ လုပ်နိုင်တာ ဆိုပြီး နှိမ့်ချတဲ့ စကားလုံးတွေ မသုံးသင့်ပါ။ နောက်ပြီး
ငါတို့  မလုပ်နိုင်တာကိုတောင် သူတို့ လုပ်နိုင်ကြတယ်ဆိုပြီး ကိုယ်တိုင်လည်း အားငယ်နေစရာမလိုပါ။ ဒါတွေဟာ ပီတိစားပြီး
အားမွေးသင့်တဲ့စံပြအလုပ်တွေသာဖြစ်ပါတယ်။ သူကမမှီရင် ကိုယ်ကလက်ကမ်းပေးလိုက်တာ သူ့ အတွက် အားဖြစ်သလို ကိုယ့်
အတွက်လည်း အားတစ်ခုပါ။

အောင်မြင်မှု ပန်းတိုင်ကို ကိုင်ထားတဲ့ သူရဲ့လက်တစ်ဖက်မှာ မိမိတို့ ရဲ့ အားတွေလည်းပါနေပါလားဆိုတဲ့ခံစားမှုဟာ အနှိုင်းမဲ့ပီတိ
ပါပဲ။ ဒီအားအင်တွေကို လေးစားမှုရှိစွာ တစ်ဦးနဲ့ တစ်ဦး ပေးကြရမယ်။ လေးစားမှုရှိတာဟာ တနည်းအားဖြင့် တစ်ယောက်ရဲ့ လုပ်
အားကို တစ်ယောက်က ကိုယ်တိုင်ပါဝင်ကူလုပ်စရာမလိုပဲ၊ အားဖြည့်ပေးခြင်းတစ်မျိုးပါ။ အားပေးကူညီတဲ့ သဘောလေးဖြစ်ပါတယ်။

True Man

Aye Chan Mon Credit To: True Man
http://www.ayechanmon-news1.com/

Post a Comment

 
Top