တာဝန်မှ ရပ်စဲမည့်သူများ ထဲတွင် သမ္မတက ပေးအပ်သည့် တာဝန်များအား ကျေပွန်စွာ မထမ်းဆောင်သည့် ၀န်ကြီးများ ပါဝင်မည်ဖြစ်ကြောင်း သမ္မတ ရုံးနှင့် နီးစပ်သူများက ပြောသည်။
‘‘သမ္မတကြီးက မနှစ်ကတည်းက မှာထားပြီးသား။ ပေးထားတဲ့ တာဝန်ကိုမထမ်းဆောင်နိုင်ရင် ထွက်စာတင်ပါလို့’’ဟု ပြည် ထောင်စုဝန်ကြီး တစ်ဦးက ပြော သည်။
နိုင်ငံတော်သမ္မတက သတ် မှတ်ထားသော စီမံကိန်းများကျန်ရှိနေသည့် ကာလအတွင်း အကောင်အထည် ဖော်နိုင်ရန် တာဝန်ကျေပွန်စွာ မထမ်းဆောင် သည့် ၀န်ကြီးများအား အနားယူ ခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
ဝန်ကြီးတာဝန်မှ နုတ်ထွက် ခွင့်ပြုမည့် ၀န်ကြီးများထဲတွင် ကျန်းမာရေးဝန်ကြီး ပါဝင်နိုင် ကြောင်းလည်း နိုင်ငံတော်သမ္မတ နှင့် နီးစပ်သူများထံမှ သတင်းရရှိ သည်။
တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနများ၊ ဆေးရုံအုပ်များသည် ဌာနလုပ်ငန်းများကို သက်ဆိုင်ရာ သမားရိုးကျ ပုံမှန်လမ်းကြောင်းအတိုင်းတင်ပြ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န် ကြီးဒေါက်တာမျိုးမြင့်တို့အား နုတ်ထွက်ခွင့်ပြုပြီး သာသနာရေးဝန်ကြီးအား တာဝန်မှ ရပ်စဲခဲ့သည်။
Aye Chan Mon Credit To: 7 Day Daily
http://
Post a Comment