မောင်မန်း
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်တွင်းဂြိုဟ်တုဆက်သွယ်ရေး၊ ဖိုက်ဘာ ဆက်သွယ်ရေး စသည့် ရုံးချုပ်အခြေစိုက် ပြည်ပ ဆက်သွယ်ရေးစခန်း၏ ၀န်ဆောင်မှုများကို အဆင့်မြှင့်တင်နိုင်ရန် အတွက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် တင်ဒါဖိတ်ခေါ်ထားသည်ဟု ရုံးချုပ်အခြေစိုက် ပြည်ပဆက်သွယ်ရေးစခန်း၏ တင်ဒါရွေးချယ် စိစစ်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
၎င်းက "ရုံးချုပ်အခြေစိုက် ပြည်ပဆက်သွယ်ရေးစခန်းရဲ့ ၀န်ဆောင်မှုတွေကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် တင်ဒါခေါ်ထားပါတယ်။ ဂြိုဟ်တုဆက်သွယ်ရေး၊
ဖိုက်ဘာဆက်ကြောင်း စတဲ့ ၀န်ဆောင်မှုတွေကို အဆင့်မြှင့်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်သွားမှာပါ" ဟု ဆိုသည်။
ဝယ်ယူသွားမည့် ပစ္စည်းစာရင်းတွင် IGW Softswitch Expansion Equipments ၊ Primary Reference Clock ၊ 70 KVA Engine Generator ၊ ဂြိုဟ်တု မြေမြင်စခန်းဆိုင်ရာစက်ပစ္စည်းများ ၊ Transmission Measuring Equipments & OFC Racks တို့ ပါဝင်မည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
တင်ဒါတင်သွင်းလိုသူများအနေဖြင့် ပြည်ပဆက်သွယ်ရေးရုံးချုပ် ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ရုံးချိန်အတွင်း တင်ဒါပုံစံများထုတ်ယူနိုင်မည်ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထားပြီး အိတ်ဖွင့်တင်ဒါ တင်သွင်းရမည်ြ ဖစ်သည်။ ဈေးနှုန်းတင်ပြလွှာများကို ဈေးနှုန်းစိစစ်ရန်ခေါ်ယူသည့်နေ့တွင်
တင်ပြရမည်ဖြစ်သည်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.