0



စစ်တွေ၊ ACM Re-Post 21-6-2014

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Etienne QUILLET က ပြောကြားလိုက်သည်။

ရခိုင်လူမှုကွန်ရက်များနှင့် ဇွန်လ ၁၉ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံစဉ် ပြင်သစ်သံအမတ်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက်မှ ခေါင်းဆောင် ဒေါ်လှမေ ပြန်လည်ပြောကြားသည်။

ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံးဆောင်ရွက်ပြီး နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရန်နှင့် နိုင်ငံသား မဟုတ်သူများကို ဧည့်နိုင်ငံသား သိုမဟုတ် ဒုက္ခသည်အဖြစ် သတ်မှတ်ကာ နိုင်ငံတော်က စောင့်ရှောက်ပေးရန် လိုအပ်သည်ဟု ပြင်သစ်သံအမတ် ပြောဆိုခဲ့ကြောင်း ဒေါ်လှမေက ပြန်လည်ရှင်းပြသည်။
“အဲဒါကို သံအမတ်က လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးကြီးကြောင်း ပြင်သစ်သံအမတ်က ပြောဆိုခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသဖြင့် ပြည်သူများသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အဓိပ္ပာယ်ကို နားမလည်နိုင်ကြောင်း၊ ယင်းအကျိုးဆက်ကြောင့် ပဋိပက္ခ အစဉ်အမြဲ ဖြစ်ပွားနေရပြီး ပြည်သူလူထု အသိပညာ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် အစိုးရနှင့် လူမှုကွန်ရက်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောဆိုကြောင်း ၈၈ မျိုးဆက် ကွန်ရက် (ရခိုင်) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစောလင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကမ္ဘာက သိလာစေရန် နိုင်ငံတကာ သတင်းမီဒီယာများနှင့် ချိတ်ဆက်ရန် လိုအပ်ကြောင်း ပြင်သစ်သံအမတ်က တိုက်တွန်းခဲ့သည်။

(ခင်မောင်အေး)

Aye Chan Mon Credit To:The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top