0

မော်လမြိုင်၊ မေ ၁၁

ပေါင်မြို့နယ် မုတ္တမကျေးရွာရှိ မှောင်ခိုသစ်စက်များကို ဝင်ရောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာတွင် လိုင်စင်ရှိ သစ်စက်ကိုပါ ဖမ်းဆီးခဲ့ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် မှောင်ခို သစ်ဖမ်းဆီးရေး အဖွဲ့ဝင်ကိုးဦးကို အမှုဖွင့် အရေးယူပေးရန် သစ်စက်ပိုင်ရှင် ဦးအောင်ဆန်းဦးက တိုင်ကြားထားကြောင်း မုတ္တမရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

သစ်တောဦးစီးဌာနက ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မုတ္တမကျေးရွာ သစ်စက်များတွင် သစ်စက်လိုင်စင်ရှိ မရှိနှင့် မှောင်ခိုသစ်များ ရှိ မရှိကို ရှောင်တခင် စစ်ဆေးပြီး တရားမဝင် သစ်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ လိုင်စင်ရှိ လုပ်ငန်းမှသစ်များ အဖမ်းခံရခြင်းကြောင့် နစ်နာသည်ဟုဆိုကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

မုတ္တမကျေးရွာတွင် လိုင်စင်ရသစ်စက်နှင့် လိုင်စင်မရှိ သစ်စက် ၁၀ လုံးခန့်ရှိပြီး ပေါင်မြို့နယ် သစ်တောဦးစီးဌာနက မှောင်ခိုသစ်စက်များ ဖမ်းဆီးရာတွင် လိုင်စင်ရှိ သစ်စက်ကိုပါ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သစ်စက်ပိုင်ရှင် ဦးအောင်ဆန်းဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦးက မေလ ၈ ရက်နေ့တွင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ရာ ဖမ်းဆီးခံရသည့် ကျွန်းတံခါးရွက် ၂၀ အပါအဝင် သစ်တောဦးစီးဌာနက သိမ်းဆည်းခဲ့သည့် သစ်စက်တန်ဖိုးမှာ ကျပ်သိန်း ၅၀ ခန့် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

မှောင်ခိုသစ်များ ရှိသည်ဟု သတင်းပေးပို့သူများ ရှိခြင်းကြောင့် သစ်စက်များကို စစ်ဆေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်စဉ် စာရွက်စာတမ်း အထောက်အထားများ မပြနိုင်သည့် ဦးအောင်ဆန်းဦး သစ်စက်နှင့် ဦးတာကော သစ်စက်မှ သစ်များနှင့် စက်ပစ္စည်းများကို ခေတ္တသိမ်းဆည်းထားခြင်း ဖြစ်ကြောင်း ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသူရလေးက ပြောကြားသည်။

“ဦးအောင်ဆန်းဦးရဲ့ သစ်စက်လိုင်စင်က စည်းကမ်းချက်နဲ့ လွဲနေပေမယ့် လိုင်စင်ရှိတဲ့အတွက် စက်ပစ္စည်းတွေကိုလည်း ပြန်ပေးမှာပါ။ ကျန်တစ်ဦးကတော့ သစ်စက်လိုင်စင် မရှိဘူး။ စာရွက်စာတမ်းမှာပါတဲ့ သစ်အရေအတွက်နဲ့ စက်ရုံထဲက သစ်အရေအတွက်ကလည်း ပိုများနေတဲ့အတွက် သစ်တောဥပဒေနဲ့ အရေးယူမယ်” ဟု ၎င်းက ရှင်းပြသည်။

တိုင်းကြား ခံရသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သစ်တောဝန်ထမ်းများ ဖြစ်နေခြင်းကြောင့် ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစာ ပေးပို့ထားရာ ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးက မေလ ၉ ရက်နေ့ထိ အကြောင်း ပြန်ကြားခြင်း မရှိသေးဟု မုတ္တမရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောဆိုသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top