0

မြောက်ကိုရီးယား နိုင်ငံသည် နယ်စပ်ရေပြင်ရှိ တောင်ကိုရီးယား စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဆိုသော ခြိမ်းခြောက်မှုမျိုး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီးတွင် ကပျက်ကချော် မဖြစ်စလောက် ရန်စမှုမျိုး လုပ်ဆောင်နေသည့် ရန်သူ့သင်္ဘောများကို မိမိတို့ နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။ အင်္ဂါနေ့က ပင်လယ်ဝါ ရေပြင်ပေါ်တွင် မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် (၃)စင်းက နယ်ကျော် မောင်းနှင်လာပြီးနောက် တောင်ကိုရီးယား ရေတပ်က ခြောက်လှန့် ပစ်ခတ်ခဲ့သည်။ ယင်းအခြေအနေကို တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယား စစ်သင်္ဘောများကို ကြိုတင် ကြေညာခြင်း မရှိဘဲ အချိန်မရွေး ပစ်ခတ် နှစ်မြှုပ်လိုက်နိုင်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယား စစ်ဘက်က တောင်ကိုရီးယား အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဒုက္ခတစ်ရပ် ဖြစ်သွားစေမည့် ရန်စမှုမျိုး ပြုလုပ်နေကြောင်း စွပ်စွဲခဲ့သည်။ KCNA သတင်းဌာနက ယင်းကဲ့သို့ ကပျက်ကချော် ရန်စမှုမျိုးအတွက် အနာဂတ်တွင် တောင်ကိုရီးယား သင်္ဘောများ အနေဖြင့် ကြိုတင် သတိပေးချက် မရဘဲ တိုက်ခိုက်နှစ်မြှုပ် ခံလိုက်ရနိုင်ကြောင်း ကြေညာခဲ့သည်။ နှစ်နိုင်ငံ အငြင်းပွားသည့် နယ်နိမိတ် ရေပြင်တွင် မြောက်ကိုရီးယားဘက်မှ ငါးဖမ်းလှေများနှင့် ကင်းလှည့်ရေယာဉ်များ နယ်ကျော်လာတတ်သည်မှာ မကြာခဏ ကြုံရလေ့ရှိသည့် ကိစ္စမျိုးဟုလည်း တောင်ကိုရီးယား ရေတပ်က ပြောကြားထားသည်။

ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top