0

ACM Re-Post 25-5-2014

အမေရိကန်စင်တာ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်များအဖွဲ့ American Center Myanmar iNature Environmental Club မှ လူငယ် ၄၀ ကျော်သည် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိ မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမ အနီးတွင် လည်းကောင်း၊ ဗန္ဓုလလမ်းမှ ဗိုလ်အောင်ကျော် လမ်းတစ်လျှောက်တွင် လည်းကောင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ခံ ဦးရှိုင်းဝင်းလတ်က ပြောကြားသည်။

ယင်းသို့ သန့်ရှင်းရေး လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုပေးခဲ့ပြီး စည်ပင်သာယာရေး ဝန်ထမ်းများက လမ်းရှင်းပေး၍ စောင့်ကြည့် ကူညီပေးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“မြို့တော်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လူငယ်တွေကိုယ်တိုင် ဆောင်ရွက်နေတယ် ဆိုတာ ပြည်သူတွေကို အသိပေးလိုတဲ့ သဘောပါ” ဟု သန့်ရှင်းရေး လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးရှိုင်းဝင်းလတ်က ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ သွားရောက် မေးမြန်းခဲ့ရာ မှတ်ချက်ပေးလိုခြင်း မရှိဟုသာ တာဝန်ကျအရာထမ်းက ပြန်လည် ဖြေဆိုခဲ့သည်။

အမေရိကန်စင်တာ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်များအဖွဲ့ အနေနှင့် မြို့တော်ခန်းမအနီး သန့်ရှင်းရေး လုပ်ဆောင်မှုကို မတ်လ ၈ ရက်နေ့က တစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန့်ဝင်းလတ်က ပြောဆိုသည်။

(ဇင်လင်းထက်)

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top