0

ACM Re-Post 25-5-2014

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ အရေးပေါ် ကုသနိုင်မည့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ခုကို မိုင်တိုင် ၈၄ အနီး (ကျောက်တံခါး) တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့်က The Voice သို့ ပြောကြားသည်။

ယင်းတိုက်နယ်ဆေးရုံကို ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ရာ ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ခန့်မှန်းထားသည်ဟု ၎င်းက ပြောဆိုသည်။

“ဒီဆေးရုံမှာ အရေးပေါ် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် ခွဲစိတ်ခန်းသုံးပစ္စည်း ကိရိယာတွေကိုလည်း ပြည့်ပြည့်စုံစုံ ထားမယ်” ဟု ဒေါက်တာမင်းသန်းညွန့်က ရှင်းပြသည်။

၃၆၆ မိုင်ကျော် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရေးပေါ် ကြက်ခြေနီစခန်းများကို ဖြူး ၁၁၅ မိုင်၊ နေပြည်တော် ၂၀၄ မိုင်နှင့် မိတ္ထီလာ ၂၈၄ မိုင် အနီးတို့တွင် ရှိခဲ့ရာမှ ယခု တည်ဆောက်မည့် တိုက်နယ်ဆေးရုံမှာ ပထမဆုံး တိုက်နယ်ဆေးရုံ ဖြစ်သည်။

(အိမိုမို)

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top