0

ACM Re-Post 25-5-2014

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက လူတချို့ တကယ့်ကို အံ့အားသင့်သွားစေခဲ့တာကတော့ ကမ္ဘာပေါ် မှာ သြဇာအကြီးဆုံးဖြစ်သူလို့ ပြောလို့ရမယ့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မထင်မှတ်ပဲ အများသူငါကြားထဲ လမ်းလျှောက်လာလို့ပါ။


သမ္မတ အိုဘားမားတယောက် အိမ်ဖြူတော်ကနေ ပြည်ထဲရေး ဝန်ကြီးဌာနဘက်ကို လမ်းလျှောက်သွားမယ် လို့ ဆုံးဖြတ်ခဲ့ပြီး လမ်းတလျှောက် တွေ့တဲ့ သူတွေကို ဖော်ဖော်ရွေရွေ နုတ်ဆက် စကားတွေပြော၊ တရင်း တနှီးနဲ့ ဆိုတော့ သူနဲ့ လူချင်း အနီးကပ် တွေ့သမျှလူတွေလည်း အံ့သြကုန်ကြတာပါ။

တချို့ဆို ဒီလိုမျိုး အမေရိကန်သမ္မတတရောက်နဲ့ မထင်မှတ်ပဲ ဆုံဆည်းဖို့ ဆိုတာ အိပ်မက်တောင် မမက်နိုင်ပါဘူးလို့ ထင်ထားခဲ့တာပါတဲ့။

အိုဘားမားရဲ့ အခုလို လုပ်ရပ်ကတော့ လမ်းတလျှောက်က အမေရိကန်တွေကို အံ့သြစေခဲ့သလို ဒီလို သမ္မတရဲ့ မထင်မှတ်တဲ့ သာမန်နိုင်ငံသားတွေနဲ့ လမ်းလျှောက်ရင်း တွေ့ဆုံနှုတ်ဆက်တာကို အိမ်ဖြူတော် က မှတ်တမ်းတင်ထားခဲ့ပြီး မေလ ၂၂ ရက်နေ့က ယူကျုပေါ် ရောက်လာတာ ကြည့်ရှုကြိမ်ရေပေါင်း ၂ သန်း
လောက် ရှိနေပါပြီ။

ACM Credit To:ဧရာဝတီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top