0

Published on: April 30, 2014
Written by: ဥာဏ်ဝင်းရှိန်

ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်များကို ၁၀ ကြိမ်မြောက် ဖြန့်ဝေမှုအဖြစ် ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါစာရွက်တွင် ပြည်ထောင်စုအစိုးရအား အယုံအကြည် မရှိကြောင်း အပါအ၀င် ပြည်သူများသည် အစိုးရ၏ သခင်ဖြစ်ကြောင်း စသည့်အကြောင်းများနှင့် တရားဥပဒေစိုးမိုးရေး အကြောင်းအရာများ ပါဝင်ပြီး လူအင်အား ၂၀ ခန့်မှ ရွှေပြည်သာမြို့နယ်၊ လှော်ကားဈေးနှင့် ထန်းခြောက်ပင်ဈေးတို့တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်က “ကျွန်တော်တို့ ဒီနေ့က ၁၀ ကြိမ်မြောက်လုပ်တာ ဖြစ်ပါတယ်။ နောက်ရှေ့ဆက်ပြီး မြို့နယ်တွေတိုင်းမှာ လုပ်သွားဖို့ရှိတယ်။ အဓိက အကြောင်းရင်းကတော့ လက်ရှိပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိဘူးဆိုတာရယ် ပြည်သူက သခင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ ဟောပြောတယ်” ဟု ပြောကြားသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ယင်းကဲ့သို့ စာရွက်များ ဖြန့်ဝေမှုကို ယခုအကြိမ်နှင့်ဆိုလျှင် ၁၀ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ယခင်ပြုလုပ်ခဲ့သည့် အကြိမ်များအနက် မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုအတွက် သက်ဆိုင်ရာမှ ပုဒ်မ-၁၈ ဖြင့် အရေးယူထားကြောင်း ကိုထင်ကျော်ထံမှ သိရသည်။
-
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
2

Post a Comment

 
Top