0

မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ ပြုပြင်ရေးနှင့် လူထုလက်မှတ်ရေးထိုး ဆန္ဒရယူပွဲကို မေလ ၁၇ရက် နံနက် က ပြုလုပ်နေရာ ၈နာရီ ၄၅မိနစ်ခန့်တွင် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် စတင်ဟောပြောနေပြီဖြစ်သည်။

ဦးမင်းကိုနိုင်က ယခုဟောပြောပွဲသို့ လာရောက်ရန် ပြည်သူလူထုကို ဖိအားတစ်စုံတစ်ရာ၊ မက်လုံးတစ်စုံတစ်ရာ ပေးခြင်းကြောင့် တက်ရောက်ခြင်း ဟုတ်မဟုတ် စတင် မေးခွန်းထုတ်လိုက်သည်။ တက်ရောက်လာသည့် လူထုကလည်း မဟုတ်ကြောင်း တပြိုင်တည်း ပြန်လည်ဖြေကြားကြသည်။

ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ဟောပြောကြမည်ဖြစ်ရာ အဖွဲ့အစည်းနှစ်ခုမှ
ပါတီဝင်များ၊ အဖွဲ့ဝင်များအပါအဝင် ဟောပြောပွဲ လာရောက်နားထောင်သည့် လူငါးသောင်းခန့် ရှိသည်။

Mizzima - News in Burmese

Post a Comment

 
Top