0

ACM Re-Post 24-4-2014
နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ ဇွဲကပင် ကေဘယ်လ်ကားစီမံကိန်း စတင်တော့မည် ဖြစ်သည့်အတွက် ပန္နက်မချခင် သံဃာ ၁၀၈ပါးနှင့် မြေသန့် ပရိတ်ရွတ်ပွဲကို မေ ၂၄ရက်တွင် ပြုလုပ်သွားမည်ဟု ဇွဲကပင်ကေဘယ်ကားစီမံကိန်း ဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေးမှူး ဦးစောကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဇွဲကပင်ကေဘယ်ကားစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည်ဖြစ်ပြီး ဇွန်လ ၁ရက်တွင် မလေးရှားနိုင်ငံမှ တရုတ်ပညာရှင်များက ဆောက်လုပ်မည့် တည်နေရာနှင့် ဒီဇိုင်းပုံစံကို
ယင်းနေ့တွင် ဇွဲကပင်တောင်၌ သတ်မှတ်ပေးသွားမည်ဟု ဆိုသည်။

ဦးစောကြည်ဝင်းက “ကေဘယ်လ်ကားစီမံကိန်း ပန္နက်မချခင် ဇွဲကပင်တောင်ခြေမှာ သံဃာ၁၀၈ပါးနဲ့ မြေသန့်ပရိတ်ရွက်မှာ ဖြစ်တယ်” ဟု ပြောသည်။

ဇွန် ၁ရက်တွင် မလေးရှားမှ ပညာရှင်များ ကေဘယ်လ်ကားစီမံကိန်း တည်နေရာ သတ်မှတ်ပေးပြီးနောက် မကြာမီရက်ပိုင်းအတွင်းတွင် ကေဘယ်လ်ကားစီမံကိန်း ပန္နက်ရိုက်ပွဲကို ကျင်းပသွားမည်ဟု ဆိုသည်။

ဇွဲကပင် ကေဘယ်လ်ကားစီမံကိန်းအတွက် နိုင်ငံခြားမှ လာရောက်မည့် အခြေအနေနှင့်ပတ်သက်ပြီး “ ဇွန်၁ရက်မှာ နိုင်ငံခြားကပညာရှင်တွေ လာပြီး ဇွဲကပင်ကို တိုက်ရိုက်သွားမယ်” ဟု စီမံကိန်းဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးဇော်ဝင်းထွန်းက ပြောသည်။

ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ဖြစ်မြောက်ရေးအတွက် ပီနန်ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော်နှင့် သုံးထပ်ကျောင်းဆရာတော်တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ကျော် ဖြစ်သည်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top