0

မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။ ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် မေလ ၁၇ရက် နံနက် ၈နာရီခွဲတွင် စတင်မည်ဖြစ်ရာ နံနက် ၈နာရီခန့်တွင် ကွင်းအတွင်း လူပြည့်လုနီးပါး
ရှိနေပြီဖြစ်သည်။

ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ဟောပြောကြမည်ဖြစ်ရာ အဖွဲ့အစည်းနှစ်ခုမှ
ပါတီဝင်များ၊ အဖွဲ့ဝင်များအပါအဝင် ဟောပြောပွဲ လာရောက်နားထောင်သည့် လူငါးသောင်းခန့်ရှိနေပြီဖြစ်သည်။

Mizzima - News in Burmese

Post a Comment

 
Top