ACM Re-Post 25-5-2014
ကာကွယ်ရေးဝန်ကြီး ဌာန၊ စစ်ထောက်ချုပ်
ရုံးပိုင်မြေ နေရာများတွင် စိုက်ပျိုးရေးလုပ်
ကိုင်ပြီး ကျူးကျော်နေထိုင်သူ များကို ဖယ်ရှားပေး
ရန် အမိန့် စာထုတ်ထားပြီး ကျူးကျော်များ
ဆောက်လုပ်ထားသည့် ဆွမ်း လောင်းရုံ
အဆောက်အအုံကို အာဏာပိုင်များက မေလ ၂၄ ရက်တွင် လာရောက်ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်အတွင်းရှိ စစ်ထောက် ချုပ်ရုံးပိုင်မြေနေရာများတွင် အဆိုပါ မြေစီမံခွင့်ရထားသော မြ၀တီ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ် ငန်းကုမ္ပဏီက အိမ် ထောင်စု ၁၀၀ ခန့်အား ၂၀၁၃ ခုနှစ်တွင် တစ် ဧက ကျပ်တစ်သောင်းနှုန်းဖြင့် ငှား ရမ်းကာ စိုက်ပျိုးရေးလုပ်ကိုင်ခွင့် ပေးခဲ့သည်။ ထိုစိုက်ခင်းအတွင်း ၌ စိုက်ပျိုးခွင့်သာပေးထားပြီး မိသားစုနေထိုင်ခွင့်ပေးမထား ကြောင်း စိုက်ပျိုးရေးလုပ်ကိုင်ခွင့် သဘောတူစာချုပ်တွင် ရေးသား ထားသည်။
စိုက်ပျိုးရေးလုပ်ကိုင်သော သူများမှာ လူနေအိမ်များတည် ဆောက်နေသောကြောင့် မြ၀တီ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီက ဖယ်ရှားပေးရန် မေလ ၇ ရက်က အမိန့်စာပေးပို့ခဲ့သည်။
စိုက်ပျိုးရေးလုပ်ကိုင်သူများ ဆောက်လုပ်ထားသော ဆွမ်း လောင်းရုံအဆောက်အအုံကို စိုက်ပျိုးမြေအတွင်း ဆောက်လုပ် ထားသည်ဟုဆိုကာ အာဏာပိုင် များက မေလ ၂၄ ရက်တွင် လာ ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေးလုပ်ကိုင်ရင်း ကျူးကျော်နေထိုင်သူများသည် ထိုမြေနေရာတွင် လွန်ခဲ့သော ၁၃ နှစ်ကတည်းက ၎င်းတို့ရှင်းလင်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ပလပ်မြေ ဖြစ်ကြောင်း ပြောဆိုသည်။ ယခင်က စိုက်ပျိုးခွင့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးထံ တစ်ဧကလျှင် တစ်လ ၂၅၀၀၀ ကျပ်ပေးဆောင် လုပ်ကိုင်ရခြင်းဖြစ်ပြီး အုပ်ချုပ် ရေမှူး ပြောင်းလဲသွားသော ကြောင့် ပေးဆောင်ခြင်းမရှိသည် မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ ကပြောသည်။ ၂၀၁၃ခုနှစ်စက် တင်ဘာမှစပြီး မြ၀တီစိုက်ပျိုးရေး ၀န်ဆောင်မှုလုပ်ငန်းကုမ္ပဏီထံ တစ်ဧကလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် ပေးဆောင်လုပ်ကိုင်ခဲ့ ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးလုပ် ကိုင်သူများက ပြောသည်။
‘‘ဆွမ်းလောင်းရုံအဆောက် အအုံဆောက်တာကို မနက်တည်းက ဗိုလ်မှူးတွေရော၊ ရဲမှူးတွေရော လာပြီး ဖျက်ဆီးပစ်ဖို့ပြောတယ်။ တစ်နာရီအတွင်းဖျက်ဖို့လာပြော တာ။ ကျွန်တော်တို့က မဖျက်လို့ နေ့လယ်တစ်နာရီလောက်ကျ လူ ခြောက်ဆယ်လောက်က လာ ဖျက်တာ’’ဟု စစ်ထောက်ချုပ်ရုံး ပိုင်မြေနေရာတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသော ဦးစိုးလွင်က ပြောသည်။
စစ်ထောက်ချုပ်ရုံးပိုင်မြေ နေရာသည် ဧက ၂၀၀ ၀န်းကျင် ကျယ်ဝန်းပြီး လူနေအိမ် ၁၀၀ ၀န်းကျင်ရှိရာ အိမ်ထောင်စုအများစု မှာ ထိုမြေနေရာတွင် စိုက်ပျိုးရေး လုပ်ကိုင်နေခြင်းဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်း လုပ် ကိုင်သော သူများ ဖယ်ရှားပေးရန် အမိန့်စာထုတ်ခြင်း၊ ဆွမ်း လောင်းရုံဖျက်ဆီးခြင်းနှင့် ပတ် သက်ပြီး မြ၀တီစိုက်ပျိုးရေး ၀န် ဆောင်မှုလုပ်ငန်းကုမ္ပဏီအထွေ ထွေမန်နေဂျာဦးဒီဘရန်ဆိုင်းထံ ဆက်သွယ်မေးမြန်းရာဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
‘‘သူတို့က ဖယ်ဆိုလည်း ခဏဖယ်ပြီး သူတို့ပြန်သွားရင် ပြန်နေ ရမှာပဲ။ နေစရာ လုပ်ကိုင်စားစ ရာမှ မရှိတာ’’ဟု စစ်ထောက်ချုပ် ရုံးပိုင်မြေနေရာတွင် မြေဧက တစ်ဧက၌ ၁၃ နှစ်ကြာလုပ်ကိုင် လာသူ ဒေါ်ကြည်ဝင်းက ပြော သည်။
ACM Credit To:7 Day News Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment