ရန်ကုန်၊ မေ ၆
၎.၅.၂၀၁၄ရက်နေ့၁၉၃၀အချိန်တွင် အင်းစိန်မြို့နယ်နေ ဒေါ်ယဉ်ယဉ်ဆန်းမှ
၎င်းသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ “ကောင်း”ဆေးရုံသို့သွားရောက်ရန်အတွက် ခင်ပွန်းဖြစ်သူနှင့်အတူ အောက်
မင်္ဂလာဒုံလမ်းအတိုင်းလမ်းလျှောက်လာခဲ့ကြောင်း၊ထိုသို့လမ်းလျှောက်လာစဉ် “အောင်ထက်”ကျူရှင်ရှေ့အရောက် နောက်ဘက်မှ အမျိုးသား(၃)ဦးတို့စီးနင်း
လာသော ဆိုင်ကယ်(၁)စီးမှာ ၎င်းတို့အနီးသို့ရောက်ရှိလာပြီး အမျိုးသား(၃)ဦး
အနက်(၁)ဦးမှ၎င်းကိုင်ဆောင်ထားသောငွေကျပ်(၈)သောင်း၊ နိုင်ငံသားစိစစ်
ရေးကတ်ပြားနှင့် ဆေးဝါးများထည့်ထားသော အဖြူရောင်ကြွပ်ကြပ်အိတ်အား
လုယူ၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသား(၃)ဦးအား အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရအင်းစိန်မြို့မရဲစခန်း(ပ)၄၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Aye Chan Mon# Credit To : Yangon Police
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment