0

ACM Re-Post 31-5-2014

၂၀၀၈ဖွဲ့စည်းပုံအခြေခံတွင်ပြဌာန်းထားသော ပုဒ်မ(၄၃၆)ပြင်ဆင်ပေးရန် ခရီးသွားလုပ်ငန်းမှ ပြည်သူ အယောက်(၁၀၀)သည်
မေ ၃၁ရက်ကကျာက်တံတားမြို့ နယ်ရဲစခန်းခွင့်ပြုချက်ဖြင့်၊မဟာဗန္ဓုလပန်းခြံ အနောက်ဘက်တွင် တောင်းဆိုချက်(၆)ဖြင့်
ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
“ဒီမိုကရေစီစံချိန် စံနှုန်းနဲ့မညီညွတ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေဥပဒေကိုပြင်ဆင်ခြင်တာ၊အဓိက ပုဒ်မ(၄၃၆)ကို အဓိကထားပြီးတော့
ပြင်ဆင်စေချင်တာ။ကျောက်တံတားမြို့ နယ်ရဲစခန်းမှာခွင့်ပြုချက်တောင်းပြီးတော့ စုရပ်အနေနဲ့ဆန္ဒပြထားပါ။အစ်မတို့ရဲ့ခရီးသွား
လုပ်ငန်းကို အနှောက်အယှက်ဖြစ်လို့ ဆန္ဒပြထားမဟုတ်ဘူး ပြည်သူတစ်ယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တယ်ထင်လို့
ဆန္ဒပြရခြင်းဖြစ်ပါတယ်။ပုဒ်မ(၄၃၆)ကို ပြင် ဖို့အတွက် ပြည်သူ့လွှတ်တော်ထဲကနေ ၇၅ရာခိုင်နှုန်းထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုပြီးတော့
ပြဌာန်းထား တာဟာ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီဘူး ဒါကြောင့်လည်း အခုလို ဆန္ဒပြထုတ်ဖော်ရခြင်းဖြစ်ပါတယ်”ဟု
ပြင်သစ်ဘာသာဧည့်လမ်းညွှန် မချောချောကြေးမုံ မှ ပြောပြခဲ့သည်။
“နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက်ဆိုရင် လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးစနစ်တွေ၊မှန်ကန်မှသာ နိုင်ငံတစ်နိုင်ငံ ဟာ တိုးတက်မယ်လို့
အစ်ကိုတို့မြင်တယ်။ဘာကြောင့်အခုလိုမြင်လဲဆိုရင် သူများနိုင်ငံတွေနဲ့ဆက်ဆံလာ တာကြောင့်ဖြစ်တယ် အစ်ကိုတို့နိုင်ငံမှာလည်း
တကယ်ပဲတိုးတက်စေချင်တယ်ဆိုရင် လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေး မှန်ကန်ဖို့လိုတယ်။ဒါတွေ အားလုံးမှန်ကန်ဖို့ဆိုရင်လည်း
သူတို့ရဲ့ခေါင်းချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေတယ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးခိုင်မာမှသာ သူရဲ့အပေါ်မှာ လူမှုရေး၊နိုင်ငံရေး၊
စီးပွားရေး၊ ပေါ်လစီတွေမှန်ကန်မယ် အဲ့ဒါမှသာ တိုင်းပြည်လည်းတိုးတက်မယ် အခုအစ်ကိုတို့လုပ်တဲ့ ဆန္ဒပြခြင်းက လည်း
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်လို့ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်”ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်မှ ကိုညီညီ(ခေါ်)
စာရေးဆရာသရဝဏ်(ပြည်) မှ ဆိုခဲ့သည်။
၎င်းပုဒ်မ(၄၃၆)ပြင်ဆင်ရေးအား ဧည့်လမ်းညွန်းများ၊ခရီးသွားဟိုတယ်ပိုင်ရှင်များ၊ အေးဂျင်စီများ၊ စုပေါင်းကာ မဟာဗန္ဓုလပန်းခြံ
အနောက်ဘက်တွင် လူအင်အား(၁၀၀)ဖြင့် တောင်းဆိုချက်(၆)ချက်ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ယင်းတောင်းဆိုချက်များမှာ
(၁)ပြည်သူမလိုလားသည့် ပုဒ်မ(၄၃၆)ပယ်ဖျက်ရေး၊ (၂)ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် ပုဒ်မ(၄၃၆)ပယ်ဖျက်ရေး၊
(၃)ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ပုဒ်မ(၄၃၆)ကို ကန့်ကွက် သည်၊ (၄)တိုင်းပြည်သာယာဝဖြိုးရေး၊ အခြေခံဥပဒေပြင်ဆင်ပေးရေး၊
(၅)တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးကိုမဖော်ဆောင်နိုင်၊(၆)၂၀၀၈ နာဂစ်အခြေခံဥပဒေ၏ ပုဒ်မ(၄၃၆)ကို ပြင်ဆင်ရေး
ဆိုသည့် တောင်းဆိုချက်များဖြင့် ခရီးသွားလုပ်ငန်းမှ ပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ချစ်မင်းထွန်း

Aye Chan Mon Credit To: မြန်မာ့ခေတ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top