0
"ဘယ်ဥပဒေ ဘယ်စာကြောင်းတွေဟာ ဥပဒေစကားလုံးအရ ပြည်သူလူထု မရွတ်တတ်ပေမယ့် ငါတို့ကို နဖားကြိုးထိုးထားတယ်၊ ငါတို့ကိုကျွန်ပြုနေတယ်ဆိုတာကို ပြည်သူလူထုသိပါတယ် "

ကျနော်တို့ပြည်သူလူထုဟာ သခင်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါပြီ။ သခင်စိတ် သခင်အကြံနဲ့ သခင်တို့ရဲ့ဒေါင်းအလံကို လွှင့်ထူဖို့အတွက် ငါတို့ တိုင်းတစ်ပါးကျွန်၊ စစ်တပ်ကျွန် ဘယ်ကျွန်မှမခံဘူးဆိုတာပြဖို့ ဒီနေ့စုဝေးတာဖြစ်ပါတယ်။

ကျနော်တို့ရဲ့တောင်တန်းတွေ မြစ်ချောင်းတွေကို ကာကွယ်ဖို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ
အာဏာနဲ့နိုင်ရာစီးဖြစ်နေတဲ့ တောရိုင်းဥပဒေလိုဖြစ်နေတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ
နိုင်ငံခြားမှာ အိမ်ဖော်သွားလုပ်နေရပြီး ဘ၀အခြေနိမ့်ကျနေရတဲ့ ကျနော်တို့နိုင်ငံသား ညီမငယ်တွေကို ကယ်တင်နိုင်ဖို့
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ

(ဦးမင်းကိုနိုင် ဟောပြောချက်မှ ကောက်နှုတ်ချက်)

Aye Chan Mon# Credit To :The 88 Generation Peace and Open Society
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top