0

ACM Re-Post 24-4-2014

ပုဒ်မ ၄၃၆အပါအဝင် ဖွဲ့စည်ပုံပြင်ဆင်ပေးရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လှုပ်ရှားတက်ကြွသူတွေ အဖွဲ့ပေါင်း ၃၅ဖွဲ့က ဟောပြောပွဲနဲ့အတူ လူထုဆန္ဒပြပွဲတွေလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါပုံအားကစားကွင်းမှာလည်း NLD နဲ့ ၈၈မျိုးဆက်က ပူးတွဲဟောပြောကြမယ်လို့ဆိုပါတယ်

ဥပဒေမဏ္ဍိုင်မှာ တရားလွှတ်တော်ချုပ်က အမြင့်ဆုံးအာဏာပိုင်တယ်ဆိုပြီး တကယ်တမ်းကျတော့ တပ်မတော်နဲ့သက်ဆိုင်တဲ့ကဏ္ဍတွေမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်က အတည်ဖြစ်တယ်လို့ ဖော်ပြထားတာဟာ ဥပဒေရှုထောင့်ကကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက ဦးမြတ်ကိုက ဆိုပါတယ်။

လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့၊ Generation Wave၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ We Generation အဖွဲ့တွေပါဝင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲကို ခွင့်ပြုချက်တင်ထားတဲ့အဆင့်မှာပဲ ရှိသေးတဲ့အကြောင်း မေလ ၂၁ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ပြောတာကို ဆူပူအုံကြွတယ်လို့ အစိုးရက စွပ်စွဲနေတာဟာ ပြည်သူတွေကို လက်နက်ကိုင်တိုက်ပွဲဆီ တွန်းပို့နေတာဖြစ်တာကြောင့် ရွေးချယ်စရာလမ်းကို ပေးဖို့လိုတယ်လို့ ကိုနန္ဒာစစ်အောင်က ဆိုပါတယ်။

ဆန္ဒပြတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့ မညီတဲ့၊ နိုင်ငံတကာဥပဒေနဲ့ မညီတဲ့ လှုပ်ရှားမှုမျိုး မဟုတ်တာကြောင့် ခွင့်ပြုချက်မရရင်လည်း ဆက်လုပ်မယ်လို့ ကိုမိုးဃ်သွေးက ဆိုပါတယ်။

ACM Credit To:Kamayut Media
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top