0

(မေဒေးနေ့သို့)

မေဒေးနဲ့ အနေဝေးတဲ့
မြန်ပြည်က အလုပ်သမား…။

တိုင်းပြည်ရဲ့အဓိကလူတန်းစား
အလုပ်သမား
အနှီအလုပ်သမား အလုပ်သွားမှ
ကုန်ထုတ်လုပ်မှုအားတိုးပွားလာမည်
စီးပွားရေးလည်း ဒီရေအလား
တနေ့တခြား ကြီးထွားလာမည်…။

သို့ဆိုလျှင် အလုပ်သမား
အလုပ်သွားနိုင်အောင်
ထိုက်တန်တဲ့ လုပ်ခများ
တွက်မသွားသင့်ပေဘူးလား…။

မာတဲ့အခါခိုင်း နာတဲ့အခါ မရိုင်းကြပါနဲ့
သူတို့အသိုင်းဝိုင်းရဲ့ကျန်းမာရေး
တွက်မပေးသင့်ပေဘူးလား…။

လိုတဲ့ခါသုံး အိုတဲ့ခါ
လုံးလုံးကုန်းကောက်စရာမရှိအောင်
မလုပ်ဆောင်ကြပါနဲ့
အိုနာစာဖူလုံရေး တွက်မပေးသင့်ဘူးလား…။

လူ့အခွင့်ရေး အလုပ်သမားအခွင့်ရေး
ဝေးခဲ့တဲ့မြန်ပြည်သား
ဒီမိုကရေစီကို တကယ်လိုလား
တယောက်အားနဲ့မရ
အများအားနဲ့ အကြိုက်တူ
တိုက်ယူမှ ရတော့မည်…။

တက္ကသိုလ်ဘုန်းကြွယ်
(ဧပြီ ၃၀ ၁၄)

Aye Chan Mon# Credit To :တက္ကသိုလ် ဘုန်းကြွယ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
13

Post a Comment

 
Top