0

ACM Re-Post 24-4-2014

ဓါတုဗေဒနည်းများဖြင့် ထုတ်လုပ်ထားသည့် ရှန်ပူခေါင်းလျှော်ရည် အမျိုးမျိုးတို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယံယားခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ နေရသူများအတွက် ဘေးထွက်ဆိုးကျိုးမရှိသော သဘာဝဆံပင်ပေါင်းတင်နည်းလေးကို မျှဝေပေးလိုက်ပါရစေ။

ပါဝင်ရသော ပစ္စည်းများ-

၁။ ထောပတ်သီးတစ်ခြမ်း
၂။ ကြက်ဥတစ်လုံး
၃။ ငှက်ပျောသီးတစ်လုံး
၎။ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်းခန့်
၅။ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ဇွန်း
၆။ Buttermilk (ထောပတ်ထုတ်ထားတဲ့နို့) စားပွဲတင်ဇွန်း ၃ဇွန်းခန့်

ပြုလုပ်နည်း-

၁။ ထောပတ်သီး၊ ငှက်ပျောသီး၊ ကြက်ဥတွေကို Blenderထဲထည့်
ပြီး မွှေလိုက်ပါ။ သို့မဟုတ် ပန်းကန်လုံးထဲထည့်ပြီး ကြေမွအောင်ထုခြေ
နယ်ပြီးရောသမသွားအောင် နယ်ပါ။

၂။ ရလာတဲ့ အနှစ်ကိုကျန်တဲ့ အရာတွေ သံလွင်ဆီ၊ ပျားရည်နဲ့ Buttermilk တွေကို ထည့်ပြီးသမအောင် ရောပေးပါ။

၃။ အားလုံးရောစပ် ပြုလုပ်ပြီးသွားရင် ဆံပင်ကိုအရင်းကနေ အဖျားအထိ ပွတ်ပြီး အဲဒီအနှစ်ကို ဆံပင်တစ်ခေါင်းလုံးကို လိမ်းပေးပါ။

၎။ အားလုံး လိမ်းပြီးပြီဆိုရင် မိနစ် ၃ဝ ခန့်ပေါင်း
တင်ထားပြီး ခေါင်းလျှော်လို့ ရပါပြီ။

ဆံပင် အတို အရှည်ကိုလိုက်ပြီး အချိုးအစားကို ချိန်ဆထည့်လို့ရပါတယ်။ တစ်လကိုအနည်းဆုံး နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ ပြုလုပ်ထားတဲ့အ
နှစ်ကို တစ်ခါတည်း အကုန်သုံးပါ။ ဒါကြောင့် ချိန်ဆပြီးလုပ်ဖို့ သတိပေးပါရစေ။

သန်စွမ်းနက်မှောင်ပြီး လှပသော ဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ (Zenith) Living Fashion မဂ္ဂဇင်း

Credit to ကျန်းမာရေးသတင်းများ

ACM Credit To:ESCORT FASHION
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top