No.345 Friday, April 4, 2014
Author: သတင်းအဖွဲ့
Location: ရန်ကုန်
ရခိုင်ပြည်နယ်တွင်း ကု လသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့အစည်းများ၏ အစီအစဉ် များ ရပ်ဆိုင်းထားရမှုကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ် တစ်သောင်းခွဲအတွက် ကျန်းမာ ရေးဆိုင်ရာပြဿနာများမှာ စိုးရိမ် ဖွယ်ရာဖြစ်နေကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံး(OCHA)က ဧပြီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင်စစ်တွေမြို့ဒုက္ခ သည်စခန်းများရှိ အဟာရချို့တဲ မှုပြင်းထန်စွာ ခံစားနေရသော ကလေးငယ် ၃၀၀ အတွက်လည်း လိုအပ်ချက်များ မဖြည့်ဆည်းပေး နိုင်ဘဲရှိနေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ကုလ သမဂ္ဂလက်အောက်ခံ လူသား ချင်းစာနာထောက်ထားမှုလုပ်ငန်း များ ရပ်ဆိုင်းခဲ့ခြင်းကြောင့် အရေး ပေါ် ကျန်းမာရေးစောင့်ရှောက် ကုသမှုလိုအပ်နေသူ ရှစ်သိန်းကျော်အား အပြင်းအထန်သက်ရောက်စေခဲ့ကြောင်း
‘‘ရခိုင်ပြည်နယ်ရဲ့ ကျန်းမာ ရေးစနစ်က MSF-Holland အဖွဲ့ ဖေဖော်ဝါရီလမှာ ရုပ်သိမ်းသွား ပြီးကတည်းက ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိခဲ့ပါပြီ။ အခုရခိုင် ပြည်နယ်က ရွှေ့ပြောင်းဒုက္ခ သည် တစ်သိန်းလေးသောင်းရဲ့ အများစုနဲ့ ဒုက္ခသည်စခန်းပြင်ပ က ဝေဒနာသည် ခုနစ်သိန်းကျော် ရဲ့ ကျန်းမာရေးဝန်ဆောင်မှုအ တွက် ဆိုးဆိုးဝါးဝါးဟန့်တားခံရပါ ပြီ။ အထူးသဖြင့် အရေးပေါ် အသက်ကယ်ကျန်းမာရေးကုသမှု တွေ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း(WHO) ကိုယ်စားလှယ် ဒေါက်တာ လီဗိုင်ယူဗီဒရာစကိုက ပြောသည်။
မတ်လ ၂၆ ရက်က စစ်တွေ မြို့တွင် မာတီဆာအိုင်အင်န်ဂျီအို နိုင်ငံခြားသားဝန်ထမ်းသူတစ်ဦး သာသနာ့အလံကို မဖွယ်မရာလုပ် ကြောင်း သတင်းထွက်ပေါ်ရာမှ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့က ကုလသမဂ္ဂနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏ နေအိမ်နှင့် ရုံးအဆောက်အအုံ ၃၀ ခန့်ကို ဖျက်ဆီးခဲ့သည်။ ယင်းကြောင့် နိုင်ငံခြားသားများအပါအ ၀င် ၀န်ထမ်း ၇၄ ဦးကို လုံခြုံရေး အစောင့်အရှောက်ဖြင့် ထားရ ကာ အချို့ကို ရန်ကုန်မြို့သို့ ပို့ ဆောင်ခဲ့ရသည်။ ထို့နောက် ရခိုင် ပြည်နယ်အတွင်းရှိ အကူအညီ ပေးရေးအဖွဲ့အစည်းများ၏ လုပ် ငန်းများမှာ ခေတ္တရပ်ဆိုင်းထား ပြီး ယခုအချိန်တွင် ၀န်ထမ်း ၂၀ ခန့် ကျန်ရှိသေးသည်ဟု သတင်း ရရှိသည်။
‘‘ကျန်းမာရေးစောင့်ရှောက် မှုကတော့ အရင်လောက် မကောင်းတော့ဘူး။ လျော့သွား တယ်။ ဒါပေမဲ့ အခုအချိန်မှာ တော့ သိပ်မသိသာသေးဘူး’’ဟု စစ်တွေမြို့ သက္ကယ်ပြင်ဘင်္ဂါလီ ကျေးရွာမှ အကြီးအကဲဖြစ်သူက ပြောသည်။
ဒုက္ခသည်စခန်းများအတွက် သီတင်းနှစ်ပတ်အတွင်း လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် အစား အသောက် မက်ထရစ်တန်ချိန် ပေါင်း ၁၃၀၀ ကျော်အား အကူအ ညီပေးရေး အဖွဲ့အစည်းများမရှိ ဘဲ ဖြန့်ဝေပေးနိုင်ရေးမှာ စိန်ခေါ်မှု တစ်ရပ်အဖြစ်ရှိနေသည်ဟု OHCA ကဆိုသည်။
‘‘မရှိမဖြစ်လိုအပ်နေတဲ့ အ ထောက်အပံ့တွေကို လျင်မြန်ပြည့်ဝစွာ မကူညီနိုင်ရင် ကလေးငယ် တွေနဲ့ မိသားစုဘ၀တွေကို ဆိုးဆိုးရွားရွားထိခိုက်စေပါလိမ
ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးအဖွဲ့များအား စစ်တွေသို့ အလျင်အမြန်စေလွှတ်နေ သော်လည်း ဒုက္ခသည်စခန်းအ ရေအတွက် အနည်းငယ်သာ ကျန်းမာရေး ၀န်ဆောင်မှု ရရှိနေ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဒုက္ခသည် စခန်းများရှိ ကလေးငယ် တစ်သောင်းခွဲခန့် သည် စိတ်ပိုင်းဆိုင်ရာ စောင့် ရှောက်ကူညီမှု မရရှိတော့ဘဲအာဟာရချို့တဲမှုရောဂါ
‘‘လွန်ခဲ့တဲ့အပတ်က စစ်တွေမှာ ဖြစ်ပျက်ခဲ့တာက နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့ ရုံမဟုတ်ပါဘူး။ ရခိုင်ပြည်နယ် မှာရှိတဲ့ လူသားချင်းစာနာ ထောက်ထားရေးလှုပ်ရှားမှုအား လုံးကို တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ မစ္စဒီဆာလီယမ်ကပြောသည်။
‘‘စစ်တွေက ဒုက္ခသည် Camp တွေမှာ သူတို့ကိုယ်တိုင် သွားလုပ်တာ အရင်လိုမရှိတော့ ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကြက် ခြေနီအသင်းက ဒုက္ခသည်တွေ ကို ကျန်းမာရေးစောင့်ရှောက်မှု တွေ လုပ်ပေးနေတယ်။ မောင် တောဘက်က ဘင်္ဂါလီရွာတွေမှာ တော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို ၀န်ထမ်းတွေက ပုံမှန်အတိုင်း အကူအညီပေးရေးတွေ လုပ်ပေး နေတုန်းပဲ’’ ဟု ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့များ အပါအ၀င် နား လည်မှုစာချွန်လွှာ(MOU) သက် တမ်းမကုန်ဆုံးသေးသည့် အဖွဲ့ အစည်းအချို့ကို ဧပြီလ တတိယ ပတ်တွင် လုပ်ငန်းများပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး အရေး ပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(
Aye Chan Mon# Credit To :7Day News Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.