0

Published on: April 3, 2014
Written by: နန်းစုနှင်းထွေး

အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ ဆန္ဒပြခွင့်အပါအ၀င် စုဝေးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အဖွဲ့အစည်း ဖွဲ့စည်းခွင့်များ ကျင့်သုံးသည့် အလုပ်သမားများအပေါ် ဖိနှိပ်မှုမျိုးစုံ ပြုလုပ်နေမှုအပေါ် ချက်ချင်းရပ်တန့်ပေးရန် အာဆီယံ ပြည်သူ့ဖိုရမ်မှ အာဆီယံအစိုးရများအား တောင်းဆိုခဲ့သည်။

ဒေသတွင်း အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည့် အာဆီယံ ပြည်သူ့ဖိုရမ်ကို ၂၀၁၄ ခုနှစ် မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ MCC ခန်းမ၌ ပြုလုပ်ခဲ့သည်။

အာဆီယံနိုင်ငံ အများအစု၏ အလုပ်သမားများ၏ လုပ်ခလစာသည် ကုန်ကျစရိတ်ထက် လျော့နည်းပြီး နေ့စဉ်အသုံးစရိတ်ကိုပင် မကာမိကြောင်း ၊ ထိုအခြေအနေမျိုးတွင် ရွှေ့ပြောင်း အလုပ်သမားများသည် အခြေခံ အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ သွားလာခွင့်၊ စုဝေးခွင့်၊ အရည်သွေးရှိသော ပညာရေး၊ ကျန်းမာရေးနှင့် ဥပဒေကုစားမှုတို့ကို လက်လှမ်းမီခွင့်တို့အား ငြင်းပယ်ကန့်သတ် ခံနေရပြီး ခွဲခြားဆက်ဆံမှုများကို ပိုမိုရင်ဆိုင် နေရသည်ဟု အာဆီယံပြည်သူ့ ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ရွှေ့ပြောင်း အလုပ်သမားတွေဟာ မိခင်နိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ ညစ်ပတ်တဲ့၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်နေရတယ်။ အလုပ်သမားတွေဟာ အိမ်အကူနဲ့ အထွေထွေလုပ်သားကိုသာ အများဆုံး လုပ်ကိုင်နေရတယ်။ အလုပ်သမား အများစုကတော့ လုပ်ခလစာတွေတွေ ခေါင်းပုံဖြတ်ခံနေရတယ်" ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မြန်မာအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးနှင့် ပူးတွဲလုပ်ကိုင်လျက်ရှိသည့် မြန်မာပြည် အလုပ်သမားများ ကာကွယ်စောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် အလုပ်သမားများ၏ အခွင့်အရေးများဖြစ်သည့် ခွဲခြားဆက်ဆံမှုများ မရှိခြင်း၊ တရားဝင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တန်းတူလူမှုရေး အခွင့်အရေးများ ရရှိခြင်း၊ အထူးသဖြင့် ရွှေ့ပြောင်းသွားလာ သူများ၏ ကလေးငယ်များကိုလည်း လက်ရှိဥပဒေနှင့် ဥပေဒ စိုးမိုးရေး အာဏာပိုင်များက အသိအမှတ် မပြုထားကြောင်း၊ ယင်းကလေးငယ်များသည် အခြေခံဝန်ဆောင်မှု များအတွက် ငြင်းပယ်ခံနေရပြီး စီးပွားရေးနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အနိုင်ကျင့် စော်ကားခံရမှုနှင့် လျစ်လျူပြုခံရခြင်းများကို ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ လူဦးရေ ၁၀ ရာခိုင်နှုန်း ကျော်သည် ထိုင်း၊ မလေးရှား၊ စင်ကာပူစသည့် အာဆီယံဒေသတွင်း နိုင်ငံများ အပါအ၀င် ကူဝိတ်၊ ဂျော်ဒန်စသည့် အရှေ့အလယ်ပိုင်း နိုင်ငံများကိုပါ တရားဝင်၊ တရားမ၀င် နည်းလမ်းများဖြင့် ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိပြီး အချို့မှာ လုပ်ခခေါင်းပုံဖြတ် ခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အတင်းအဓမ္မ ခိုင်းစေခံရခြင်းစသည့် အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အလုပ်သမား အခွင့်အရေးအတွက် ရန်ကုန်မြို့လယ်တွင် ဆန္ဒဖော်ထုတ်နေသူများကို တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top