မြန်မာလူမျိုးတွေရဲ့ မြတ်နိုးတန်ဖိုးထားရာ မင်္ဂလာရက်မြတ်ချိန်ခါနှစ်သစ်ကူး ကာ
လမှာအတာသင်္ကြန်ရေတွေပက်ဖျန်းပြီး ပျော်ရွှင်ကြရတဲ့သင်္ကြန်ရေသဘင်ပွဲတော်
ပြီးသွားတာနဲ့ မြန်မာနှစ်သစ်ကူးနေ့ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ တော့ ကုသိုလ်
ကောင်းမှုဒါန အစုစုပြုလုပ် ကြလေ့ရှိပါတယ်။ အဲဒီလို မြန်မာနှစ်သစ်မှာ ကောင်းမှု
ကုသိုလ်ပြုလုပ်တဲ့အခါ သဒ္ဓါတရားစိတ်နဲ့အတူ ကံအကျိုးပေး ကောင်းမွန်စေသလို
နိဗ္ဗာန်လမ်းဆီမျက်မှောက်ပြုစေရာလည်းဖြစ်တယ်လို့ မြန်မာလူမျိုးတွေက မှတ်ယူ
ကြလေ့ရှိပါတယ်။ ဒီနှစ်မှာကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားသွား၊
ဘေးမဲ့လွှတ်၊ ကုသိုလ်ပြုကြတဲ့ အနုပညာရှင်မင်းသွေးနဲ့ ရွှေမှုံရတီတို့ရဲ့ ကုသိုလ်ပြု
ကြတဲ့ ပုံရိပ်လေး တွေနဲ့ အမှတ်တရတင်ဆက်ပေး လိုက်ပါတယ်။
မင်းသွေး
▀▀▀▀▀
"ကျွန်တော်တို့ကအိမ်ကလူတွေနဲ့နှစ်တိုင်း အိမ်နားကဘုန်းကြီးကျောင်းမှာ အလှူ
လုပ်ဖြစ်တယ်။ ငယ်ငယ်တုန်းကဆို နှစ်ဆန်း တစ်ရက်နေ့ဆို အိမ်က ဥပုသ်စောင့်
ခိုင်းတယ်။ ဥပုသ်စောင့်ပြီး ညနေဆို ထမင်း ခိုးစားတာပဲ။ ငယ်ငယ်တုန်း ကတော့
ဘာမှထွေထွေထူးထူးမသိဘူး။ ရေကစားပြီးနှစ်ဆန်းတစ်ရက်နေ့ဆို နားတော့တာ
ပဲ။ မြန်မာနှစ်သစ်ကူးနေ့မှာ မကောင်းတာတွေ ကင်းစင်သွားပြီး ကောင်းတာတွေပဲ
ပါလာတယ်ပေါ့။ အဲဒီလိုအယူတွေရှိတော့အဲဒီရက်မှာစလုပ်ရင်ပိုကောင်းတယ်ပေါ့။
သတ်မှတ်ချက်ထားတဲ့ ခုနှစ်တစ်ခုလည်း ကျော်လာပြီ ဆိုတော့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊
အကု သိုလ်ပဲဖြစ်ဖြစ် ပြန်စဉ်းစားပြီး မကောင်းတာဆိုပြင်၊ ကောင်းတာဆိုပိုကြိုးစား
ပေါ့။ ကျွန်တော်ကတော့ဒီအတိုင်းပဲဖြတ်သန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးဆင်
ခြင်စရာ အသိ တရားလေး အကန့် အသတ်လေး ထားထားတာပေါ့။ ဒီလိုလေး ပြန်
လုပ်လို့ရတယ်။ အကုန်လုံး စိတ် ချမ်းချမ်း သာသာနဲ့ လိုချင်တဲ့ဘဝ ဖြစ်ချင်တဲ့ ဆန္ဒ
လေးတွေ တစ်လုံးတစ်ဝပြည့်စုံကြပါစေ။ မြန်မာတွေကရိုးရာဆိုရင် အမြဲတမ်းနှစ်စဉ်
ဘေးမဲ့ လွှတ်၊ ငှက်လွှတ်ကြတယ်။ဒီလို ဓလေ့လေးတွေက ဘယ်တော့မှ ပျောက်မှာ
လည်း မဟုတ်ဘူး။ ရှိတာနဲ့ တတ်နိုင်သလောက်ဒါနလေး နှစ်စဉ်နှစ်တိုင်းလုပ်နိုင်ကြ
ပါစေ။ အနုပညာအလုပ်တွေကို ကျွန်တော်ရှေ့ဆက် အကောင်းဆုံး လုပ်သွားမှာပါ။"
ရွှေမှုံရတီ
▀▀▀▀▀
"နှစ်ဆန်းတစ်ရက်နေ့ကိုများသောအားဖြင့်အလှူလုပ်လေ့ရှိတယ်။ အကြီးကြီးမဟုတ်
ရင်တောင် ကိုယ်တတ်နိုင်သလောက် လုပ်နိုင်တဲ့ အလှူလေး လုပ်ဖြစ်တယ်။ ဒီနှစ်က
တော့ နှစ်ဆန်း တစ်ရက်နေ့က ခရီးသွားရင်း ဖြတ်သန်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ လမ်းမှာ
ကြုံရင် ကြုံသလိုလည်း လှူဖြစ်ပါတယ်။ မြန်မာ နှစ်သစ် ဆိုတော့ မြန်မာ ယဉ်ကျေးမှု
ထုံးစံလေးတွေနဲ့ ဖြတ်သန်းရတယ်။ အလှူတွေလုပ်၊ ကောင်းမှု ကုသိုလ်လေးတွေ ယူ
တယ်။ နှစ်ဆန်း တစ်ရက်နေ့မှာ တစ်ခုခု စလုပ်ဖြစ်တယ်ဆိုရင် တစ်နှစ်ပတ်လုံး လုပ်ရ
တယ်ဆိုတဲ့ အယူလေးတွေလည်းရှိတယ်။ အဲဒီလိုဆို ရွှေမှုံကနှစ်ဆန်းတစ်ရက်နေ့ ရုပ်
ရှင် ကားကြီးစရိုက်တာဆိုတော့တစ်နှစ်ပတ်လုံးကားကြီးတွေရိုက်ရပါစေလို့ဆုတောင်း
ရမှာပေါ့။ရွှေမှုံကိုယ်တိုင်တကူးတကကြီးအလှူမလုပ်ဖြစ်ရင်တောင်တတ်နိုင်သလောက်
ပါဝင်မှာပါ။ သူများအလှူတွေအားလုံးကိုလည်း သာဓုခေါ်ပါတယ်။ အဓိကကတော့ အ
လှူဆိုတာစိတ်ပဲလေ။ ညောင်စေ့လောက်လှူရင်တောင်ညောင်ပင်ကြီးလောက်ရတယ်
တဲ့။ ရွှေမှုံငယ်ငယ်ကတည်းက အိမ်မှာပဲ အလှူအတန်းတွေ အမြဲလုပ်ဖြစ်တာလေ။အား
လုံးလည်း ဒီလိုမွန်မြတ်တဲ့စေတနာအလှူလေးတွေနဲ့ဖြတ်သန်းပြီး စိတ်ချမ်းသာစေချင်
ပါတယ်။ ပရိသတ်တွေနှစ်သစ်မှာ ကျန်းမာ၊ ချမ်းသာကြပါစေ။"
Aye Chan Mon# Credit To : Popular Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.