0

မိတ္ထီလာ၊ ဒီဇင်ဘာ ၃၁

မိတ္ထီလာမြို့တွင် မတ်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှ စတင်၍ ပယ်ဖျက်လိုက်ကြောင်း မိတ္ထီလာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သော အမိန့်အရ သိရသည်။

နှစ်သစ်ကူးည သန်းခေါင်ယံတွင် မိတ္ထီလာမြို့ ကျက်သရေဆောင် မိတ္ထီလာ ကန်တော်တံတားပေါ်၌ မိတ္ထီလာမြို့နေ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် မီးရှူး မီးပန်းများ ဖောက်ကာ ညစာစားပွဲ ကျင်းပပြီး နှစ်သစ်ကို ကြိုဆိုကြမည် ဖြစ်ကြောင်း၊ အဆိုပါပွဲတွင် မိတ္ထီလာမြို့ခံ လူထုပါ ပါဝင် ဆင်နွှဲမည် ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ဝင် ဦးဆန်းဝင်းရှိန်က ဆိုသည်။

မိတ္ထီလာမြို့တွင် သုံးရက်ကြာ ပဋိပက္ခကြီး စတင်ဖြစ်ပွားခဲ့သော မတ်လ ၂၀ ရက်နေ့မှ စတင်၍ ပုဒ်မ ၁၄၄ ထုတ်ရာ ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ မည်သူမဆို အမိန့် တစ်စုံတစ်ရာ မရမချင်း လမ်းများပေါ်သို့ ထွက်ရောက် သွားလာခြင်း မရှိစေရ (ညမထွက်ရ) အမိန့် ထုတ်ပြန်ခဲ့ပြီး ညမထွက်ရ ကန့်သတ်ချက် အချိန်ကို ည ၇ နာရီမှ နံနက် ၄ နာရီ၊ ည ၈ နာရီမှ နံနက် ၄ နာရီ၊ ည ၁၁ နာရီမှ နံနက် ၄ နာရီ အဆင့်ဆင့် လျှော့ချခဲ့ပြီးနောက် ကိုးလကျော် ကြာမြင့်ချိန် နှစ်သစ်ကူးည၌ ညမထွက်ရ အမိန့်ကို လုံးဝပယ်ဖျက်ခြင်း ဖြစ်ကြောင်း မိတ္ထီလာမြို့ခံများထံမှ သိရသည်

Aye Chan Mon# Credit To :The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top