0

"ကျွန်တော်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူး။ နီးကပ်တာနဲ့ ဘက်လိုက်တာက မတူဘူး။ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါပဲ။ ခင်ဗျားတို့ မီဒီယာတွေလည်း စောင့်ကြည့်လို့ရတယ်" ဟု ဦးတင်အေးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ တောင်ငူရေဘေး ခရီးစဉ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ လိုက်ပါသွားခြင်းနှင့် ပတ်သက်ပြီး ဦးတင်အေးက "ဘာဖြစ်လို့ တောင်ငူခရီးစဉ်မှာ လိုက်ပါရသလဲ ဆိုတော့ ကျွန်တော်က တောင်ငူမှာ တိုင်းမှူး လုပ်ဖူးတယ်။ အရင်ကလည်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်း လုပ်ဖူးတယ် ဆိုတော့ သမ္မတနဲ့ လိုက်ပါသွားတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် Envoy သတင်းဂျာနယ်ပါ
“နီးကပ်တာနှင့် ဘက်လိုက်တာ မတူဘူးဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဆို” သတင်းမှ ကောက်နုတ်ချက်

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top