သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၆ ဌာနရှိပြီး ပြည်ထောင်စုဝန်ကြီး ၃၆ ဦး၊ ဒုတိယဝန်ကြီး ၆၀ ဦး၊ စုစုပေါင်း ၉၆ ဦးအထိ ရှိနေတယ်။ တချို့ဝန်ကြီးဌာန တွေက မလိုအပ်ဘူးလို့ အမျိုးသားလွှတ်တော်မှာ မွန်ပြည်နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက တင်ပြ ဆွေးနွေးထားပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ကိုယ့်အရည်အချင်းနဲ့ ကိုယ် ဝန်ကြီးဖြစ်လာပြီ ဆိုရင်လည်း ကိုယ့်ယုံကြည်ချက်နဲ့ ကျရာတာဝန် ယူပြီး လုပ်ကိုင်သင့်တယ်။ ဝန်ကြီးတွေ အများကြီး ခန့်ထားတာကြောင့် လခတွေ အများကြီး ပေးရတယ်။ ဝန်ကြီးတစ်ဦး ကားသုံးစီးနဲ့ ဆီဂါလန် ၆၀ ရတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ လစာက ဝန်ကြီး၊ ဒုဝန်ကြီးတွေရဲ့ ဓာတ်ဆီဖိုးတောင် မရှိတဲ့ လစာနဲ့ အလုပ်လုပ်နေကြတာ ဖြစ်တယ်" လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်ပါ
“ဝန်ကြီးဖောင်းပွမှုက နိုင်ငံရေးကျဆုံးခန်း အစဖြစ်နိုင် ဟုဆို” သတင်းမှ ကောက်နုတ်ချက်
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/
Post a Comment