Created on Sunday, 01 December 2013 17:54
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော အသက်အာမခံ ထားရှိမှု စနစ်မှာ ပြည်သူများအတွက် ဆွဲဆောင်မှု အားနည်းနေခြင်းများကြောင့် အသက်အာမခံ မူဝါဒ စနစ်ကို ခေတ်နှင့်အညီ ပြောင်းလဲကျင့်သုံးရန်အတွက် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား Proposal တင်ပြရန် တောင်းခံထားကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ Proposal တင်ပြခြင်း မရှိသေးသောကြောင့် ယင်းတို့၏ Proposal တင်ပြမှုကို စောင့်ဆိုင်းနေကြောင်း ၎င်းတို့ Proposal တင်ပြပြီးပါက ပြောင်းလဲကျင့်သုံး သွားရန်အတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် Data ကောက်ယူရန် အခက်အခဲ ရှိနေကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများမှ Proposal တင်ပြထားသည်များ ရှိသော်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များကို ဦးစားပေးရမည် ဖြစ်သောကြောင့် ယင်းတို့၏ Proposal ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း
"ပြည်တွင်းပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကို Proposal တင်ပြပါလို့ တောင်းခံထားတယ်။ သူတို့က မတင်သေးဘူး။ သူတို့တင်ပြီးလို့ လက်ခံနိုင်ရင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေအားလုံး လက်ခံရင် အဲဒီစနစ်ကို ကျင့်သုံးသွားမယ်" ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုသည်။
ထိုသို့ ပြောင်းလဲကျင့်သုံးရာတွင် မြန်မာနိုင်ငံ အနေဖြင့် Data ကောက်ယူရန် အခက်အခဲ ရှိနေကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများမှ Proposal တင်ပြထားသည်များ ရှိသော်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များကို ဦးစားပေးရမည် ဖြစ်သောကြောင့် ယင်းတို့၏ Proposal ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း
မြန်မာနိုင်ငံတွင် အသက်အာမခံ ထားရှိမှု များပြားလာစေရန် Media Campaign ကို အဓိကထား လုပ်ဆောင်သင့်ကြောင်း ဟောင်ကောင်အခြေစိုက် Manulife အာမခံ လုပ်ငန်းမှ Manulife အသက်အာမခံ ကုမ္ပဏီ၏ Seniorvice President & regional executive Mr. Indren Naidoo က အကြံပြု ပြောကြားသည်။
မြန်မာနိုင်ငံရှိ အသက်အာမခံ ထားရှိမှုမှာ လူဦးရေ သန်းခြောက်ဆယ်တွင် သုံးသိန်းခန့်သာရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မေလအတွင်း ပြောကြားခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အသက်အာမခံအတွက် ဆွဲဆောင်သည့်နည်းလမ်း အားနည်းခြင်း ဖြန့်ချိသည့်စနစ် အားနည်းခြင်းတို့ကြောင့်ဖြစ်ပြီ
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.