ကီးဘုတ်ပါ တွဲပါတဲ့ စမတ်ဖုန်းတွေက တစ်ခေတ်တစ်ခါမှာတော့ ဈေးကွက်မှာ
နေရာတစ်ခုကို ရယူပိုင်ဆိုင်နိုင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ပါးလွှာပေါ့ပါးတဲ့ စမတ်ဖုန်းတွေက ပိုပြီးခေတ်ထလာချိန်မှာတော့ ထုထည်ကြီးတဲ့ ကီးဘုတ်ပါ စမတ်ဖုန်းတွေက တဖြည်းဖြည်းနဲ့ တိမ်မြုပ် သွားခဲ့ရပါတယ်။
တစ်ခေတ်ဆန်းတဲ့အနေနဲ့ LG Optimus F3Q လို့အမည်ပေးထားတဲ့ ကီးဘုတ်စမတ်ဖုန်း တစ်လုံးကို LG ကထုတ်လုပ်လိုက်ပါပြီ။
စာရိုက်ရလွယ်ကူစေပြီး အသွင်းအထုတ်လုပ်နိုင်မယ့် QWERTY keypad ကို တပ်ဆင်ပေးထားပါတယ်။ Optimus F3Q နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။ Rumor သတင်းတွေအရ ၄ လက်မမျက်နှာပြင်၊ 1.2 GHz dual-core processor နဲ့ Android 4.1.2 Jelly Bean တွေ ပါဝင်မယ်လို့ဆိုပါတယ်။
MTZT
အေးချမ်းမွန် Credit To > Guide Magazine< Thankhttps://www.facebook.com/excellencemedia
Post a Comment