0


Apple ပစ္စည်းများကို iOS 7 အဖြစ်ဗားရှင်းမြှင့်တင်ပေးလျှက်ရှိရာ Device အားလုံးထဲမှ ၇၄% ကို ဗားရှင်းမြှင့်ပေးပြီးပြီ ဖြစ်ကြောင်း App Store မှာဖော်ပြထား တဲ့စာရင်းဇယားများအရ သိရှိရတယ်လို့ ဆိုပါတယ်။ OS ဗားရှင်းမြှင့်တင်အသုံးပြုမှုများ အောက်တိုဘာလအတွင်း ၁၀% မြင့်တက်ခဲ့ပြီး ထိုသို့မြင့်တက်လာရခြင်းမှာ ဗားရှင်း Update ကို အလျှင်မြန်ဆုံး
ပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ iOS 6 ကိုအသုံးပြုတဲ့ Device ပေါင်း ၂၂% ရှိနေပြီး ကျန် ၄% ကတော့ ဒိထက်နိမ့်တဲ့ iOS ဗားရှင်းတွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

Apple အနေနဲ့ OS ဗားရှင်းမြှင့်တင်နေမှုကို အဓိကလုပ်ငန်းဆောင်တာ တစ်ခုအဖြစ် အလေးထားဆောင်ရွက်လျှက်ရှိပါတယ်။ အခြားသော iPhone နဲ့ iPad တွေကို ဗားရှင်းမြှင့်တင်ပေးသွားလို့ အစွမ်းကုန်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

MTZT

အေးချမ်းမွန် Credit To >Guide Magazine < Thankhttps://www.facebook.com/excellencemedia
3

Post a Comment

 
Top