လင်းအောင်
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။ ။ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် အား မြန်မာကျပ်ငွေဘီလီယံ ၄၀ ကျော်ဖြင့် ရောင်းချလိုက်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ ကြောင်း သိရသည်။
ယင်းရုံးမှာဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် တည်ရှိပြီး ယင်းသို့ရောင်းချရခြင်း မှာ ပါတီ၏ ရန်ပုံငွေအတွက် ရောင်း ချရခြင်းဖြစ်ကြောင်း သ တင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး အား ရန်ကုန်တိုင်းမ်မှဆက်သွယ် မေးမြန်း ရာတွင် ဖြေကြားရန်မ ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။ ဦးဌေးဦးက ''အဲဒါပြည်သူ အတွက်လဲ အကျိုး မရှိ ပါဘူး။ ရောင်းလို့ရှိရင်လဲ ပြည်သူ အတွက် ဘာဖြစ်လဲ။ တစ်ခုတော့ ရှိတာ ပေါ့။ ပါတီတွေငွေရှိလာ ရင်တော့ ပြည်သူ အတွက် အလုပ်အကျွေး ပိုပြုနိုင်တာပေါ့။ ဒီဥစ္စာနဲ့ပတ် သက်ပြီးတော့ ကျွန်တော်ဘာမှ လဲ မပြောချင်ဘူး။ ပြောရမယ့် အလုပ်လဲ မဟုတ်ဘူးလို့ ကျွန်တော် မြင် တယ်''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်း မှုအား ပြန်လည်ဖြေကြား သည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/zua9eD
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment