Tuesday, 03 December 2013 12:07
Written by ရွှေဟင်္သာ သတင်းဌာန
ထိုင်းဝန်ကြီးချုပ် ရုံးနှင့် ဘန်ကောက်မြို့ တိုင်း ရဲရုံးချုပ်ကို အတိုက်အခံ ဆန္ဒပြသူများမှ အနှောင့်အယှက် မရှိ ယနေ့မွန်းလွဲ ပိုင်းတွင် ၀င်ရောက် သိမ်းပိုက် နိုင်ခဲ့ပါသည်။
“ မနေ့ကလို မျက်ရည်ယို ဗုံးတွေ မီးသတ်ပိုက်တွေနဲ့ မပစ်တော့ဘူး။ တားဆီးထားတဲ့ အကာအရံတွေ ကိုလည်း ဖွင့်ပေးခဲ့လို့ပါ။ ရဲကတော့ သွေးထွက် သံယိုမှု ဖြစ်ပွားလာ မှာကို စိုးရိမ်လို့ ဖယ်ပေး ခဲ့သည်ဟု ရုပ်မြင် သံကြားကနေ ဆိုပါ သည်။
ဆန္ဒပြ ခေါင်းဆောင်တဦး ကလည်း ၄င်းတို့ဖက်မှ ရပ်တည်ပေးရန် ရဲချုပ်အား ဖိအားပေးသည့် သဘောအနေဖြင့် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ပြောပါသည်။ ၄င်းတို့ ပြောသလိုပင် ရဲဌာနချုပ်သို့ ၀င်ရောက်လာသော ဆန္ဒပြသူများသည် ရဲများ နှင့် လက်ဆွဲနှုတ်ဆက် မှုမှ တပါးအခြား မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ရုံးနှင့် တိုင်းရဲချုပ်ရုံးကို ၀င်ရောက် နိုင်ခဲ့သည့် အတွက် အောင်မြင်တခုရရှိ ခဲ့သည်ဟု ကြေညာခဲ့ပါသည်။ ဤသို့ကြောင့် ညနေပိုင်း နှစ်နာခွဲခန့်တွင် ၀န်ကြီးချုပ်ရုံးမှ ပြန်လည် ထွက်ခွာ သွားခဲ့ပါသည်။
အစိုးရ ၀န်ကြီးများသည် ယနေ့ နေ့လည်ပိုင်းတွင် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ညနေပိုင်းတွင် ဘုရင့်မွေးနေ့အ ထိမ်းအမှတ်အဖြစ် ၀န်ကြီးချုပ် ယင့်လတ်ခ် ချင်နာဝပ်သည် အစိုးရ ၀န်ကြီးများ စစ်တပ် အရာရှိများနှင့် အစိုးရ၀န်ထမ်း များကို ဦးဆောင်ပြီး စစ်တပ်တွင်း၌ ကျင်းပသည့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းပြည်အတွက် အကောင်းဆုံးနှင့် အဂတိလိုက်စားမှု ကင်းစင်သည့် ၀န်ထမ်းကောင်းအဖြစ် လုပ်ဆောင်မည်ဟု ဘုရင့် ဓါတ်ပုံရှေ့တွင် အရိုအသေပေး ဂတိပြုခဲ့ပါသည်။
သို့သော်လည်း အတိုက်အခံ များ၏ ဆန္ဒပြပွဲ မည်သို့ အဆုံးသတ် မည်ကို မသိရသေးပေ။ အစိုးရမှ ၀န်ချတောင်းပန် ခဲ့ပါက လာမည့် ဘုရင့်မွေးနေ့ ဖြစ်သော ဒီဇင်ဘာ (၅)ရက်နေ့ အပြီး ကျင်းပသော လွှတ်တော် အစည်းအဝေးမှ ဆုံးဖြတ်ဖွယ် ရှိကြောင်း သုံးသပ်နေကြပါသည်။
ဝန်ကြီးချုပ် ယင်လတ်ခ် နှုတ်ထွက်ပေးရန်၊ တောင်းဆို ထားသည့် ဆန္ဒပြပွဲသည် နောက်ဆုံးတွင် ၀န်ကြီးချုပ် နှုတ် ထွက်ပေးရတော့မည် ဖြစ်ပါသည်။
တလကြာလာ ခဲ့သည့် ဆန္ဒပြပွဲ၏ ထိခိုက်သေဆုံးမှု စာရင်းသည် ယမာန်နေ့ (2/12/2013) အချိန်ထိ (၄) ဦး သေဆုံးပြီး (၂၅၆) ဦးဒဏ်ရာရရှိ ခဲ့သည်ဟု ကျန်းမာရေးဌာန ၏ ထုတ်ပြန်ချက် အရ သိရပါသည်။
ဝန်ကြီးချုပ်ရုံးနှင့် ဘန်ကောက် တိုင်းရဲချုပ်ရုံးသို့ ၀င်ရောက် အောင်မြင်ခဲ့ပုံ ဓါတ်ပုံ - (အင်တာနက်)
အေးချမ်းမွန် Credit To > ရွှေဟင်္သာ သတင်းဌာန < Thankhttps://www.facebook.com/excellencemedia
Post a Comment