ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို ၀င်ရောက်စစ်ဆေးရန် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ ညှိနှိုင်းပြီးပါက ၀င်ရောက် စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။
ယခင်က အောက်တိုဘာ နောက်ဆုံးပတ်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနယ်မြေများတွင် စစ်ဆေးမည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေး ဗဟိုကော်မတီမှ ပြောဆိုထားမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆေးမည့် ဆိပ်ကမ်းနယ်မြေများ၏ ၀င်ပေါက်ထွက်ပေါက် လမ်းကြောင်းများကို အတိအကျ စစ်ဆေးနိုင်ရန် လေ့လာမှုများ ပြုလုပ်နေသဖြင့် သတ်မှတ်ကာလကို ကျော်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က "အခုထိ စစ်ဆေးမယ့် အပိုင်းတွေကို လေ့လာချက်အရ ပြီးသွားပြီ။ အဲဒီအတွက် ဗဟိုကော်မတီကို တင်ပြထားတယ်။ ဗဟိုကော်မတီက လက်ရှိမှာ ဘဏ္ဍာအခွန်နဲ့ ဆွေးနွေးနေတယ်။ အဲဒါပြီးရင်တော့ ၀င်စစ်ဆေးနိုင်မှာပါ" ဟု ပြောကြားသည်။
မူလက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ပြောကြားထားချက်အရ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို ၀င်ရောက် စစ်ဆေးမည်ဆိုခြင်းမှာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဆိုင်ရာ သင်္ဘောများတွင် စားသုံးသူ၊ သုံးစွဲသူများကို ထိခိုက်စေသော ကိစ္စရပ်များကို ကာကွယ်နိုင်ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ် ကောက်ခံရရှိစေရန်အတွက် Mobile Team များမှ ၀င်ရောက်စစ်ဆေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းရှိ နေရာများတွင်လည်း ယခုလအတွင်း စစ်ဆေးမည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ Mobile Team မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန် မြစ်ကြောင်းတစ်လျှောက်ရှိ ဆိပ်ကမ်းနယ်မြေများဖြစ်သော ယုဇန၊ သာကေတ၊ ကျန်းမာရေး၊ ၀ါးတန်း၊ ချောင်းဝ၊ ဗားဂရာ၊ ဘုရင့်နောင် ဆိပ်ကမ်းများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ စစ်ဆေးနေကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတ ရုံးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာအတွင်းဖွဲ့စည်းပေး ခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.