ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲကျသွားလို့ ပြန်တက်မရပဲရှိနေတော့သတဲ့ မကြာမီ ဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . .
ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . မြေခွေးကို သူမေးတာပေါ့. . .
“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ ရေသေချာပေါက် ရှိနေဖို့ ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “
ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .
ဒီတော့မှ မြေခွေးဟာ သူ့ကျောပေါ် ချက်ချင်း ခုန်တက်လိုက်တယ်
နောက်သူ့ရဲ့ ဦးချိုရှည်မှာ နင်းပြီး ရေတွင်း နှုတ်ခမ်းဝဆီ ခုန်တက်လို့ရသွားသတဲ့လေ. . .
"နှုတ်ဆက်ခဲ့မယ် မိတ်ဆွေ၊ နောက်တစ်ခါဆို မှတ်ထားပေတော့. . "
အခက်အခဲတွင် ကျရောက်နေသူထံမှာ အကြံဥာဏ်ကို ဘယ်တော့မှ မယုံကြည်ပါနှင့်
အီစွတ်ပုံပြင်များမှ ...
အေးချမ်းမွန် Credit To >သုတဘဏ် < Thankhttps://www.facebook.com/excellencemedia

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.