ကျုပ်ကတော့ မြန်မာပြည်က သူဌေးတွေ၊ ခရိုနီတွေ၊ မတော် မတရား ချမ်းသာနေကြသူတွေနဲ့ ခေါင်းဆောင်အတုတွေအစားသိပ် ရှက်တယ်ဗျာ။
ကမ္ဘာပေါ်မှာ အညံ့ဖျင်းဆုံး လမ်းတွေပေါ်မှာ ကမ္ဘာ့အ ကောင်းဆုံး အမျိုးအစားဝင်မာစီဒီး ဗင့်တို့၊ျြွှတို့ ဠသူလသတို့နထကျ တို့ညေိခမကျနမ လင့်ခရူစာတို့၊ ကက်ဒီလက်တို့စီးနေကြတဲ့သူတွေ အတွက် သူတို့အစားကျုပ်က ရှက် နေတယ်။
ရန်ကုန် -မန္တလေးလမ်းမတွေ ပေါ်မှာ ရေတွေကလျှံ ချိုင့်ခွက် တွေနဲ့ လကမ္ဘာပေါ်က မျက်နှာ ပြင်လိုလမ်းတွေ။ လမ်းဘေးက စားစရာမရှိလို့ လိုက်တောင်းနေတဲ့ ကလေးငယ်တွေ၊ သားသည်မိခင် တွေ၊ ခြေတစ်ဖက်ပြတ်နေတဲ့ ရဲဘော်ဟောင်းတွေက အဲဒီကား အနက် ကြီးတွေကားအဖြူကြီးတွေ ဘေးကလာရပ်ပြီးတောင်းနေကြ တာ၊ နေရောင်က ချစ်ချစ်တောက် ပူနေတဲ့ အပူရှိန်အောက်မှာ အပြင် က မွေးကင်းစကလေးငယ်ကို ခါးတွင်းမှာ ချီထားပြီး လိုက် တောင်းနေတဲ့သား သည်မိခင် တွေ၊ ကားအနက်ကြီးတွေ ပေါ် မှာက လေအေးစက်တွေ တဟဲဟဲ နဲ့ ကားကြီးတွေထဲမှာက အာ တိတ်စက်ဝိုင်းထဲက ဖျံတွေ အသက်ရှင်ပျော်ပါးလို့ရအောင် အေးစက်နေပြီး ဇိမ်ကျနေတာ။ မျက်မှန်အမည်းကြီးတွေတပ်၊ ပါး ဖောင်းဖောင်းအိအိကြီးတွေနဲ့ မြောက်ဝန်ရိုးစွန်းက ဖျံကြီးတွေ နဲ့တောင် တူသလိုလိုဖြစ်နေ တယ်။ ကားအပြင်ဘက်မှာက အပူချိန်က ၁၀၀ဒီဂရီဖာရင် ဟိုက် အနည်းဆုံးရှိနေတယ်။ နွေရာသီ ဆို ၁၀၈ကနေ ၁၁၀ အထိ ရှိနေ တယ်။ မီးထတောက် ချင်လောက် အောင်ပူနေတာ၊ အဲဒီမြင်ကွင်း တွေက မြန်မာပြည်အနှံ့ ရန်ကုန်-မန္တလေး မြို့ကြီးတွေရဲ့နေရာ တကာမှာ လမ်းဆုံလမ်းခွတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေရဲ့ ကြား မှာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲ ချမ်းသာကွာဟမှု မြင်ကွင်းတွေပဲ။
ကားနက်ကြီးတွေပေါ်က ခ ရိုနီသူဌေးကြီးတွေက ငရဲပြည်ရဲ့ လမ်းမတွေပေါ်မှာ နတ်ယာဉ်ပျံ တွေ နတ်ရထားတွေနဲ့ စီနင်းသွား လာနေကြတဲ့ နတ်သမီး နတ်သား တွေကြနေတာပဲ။
ဘာစားချင်လဲ။ ဘာဝယ်ချင် လဲ။ ဘာဝတ်ချင်လဲ။ ဘာလုပ် ချင်လဲ။ ဘယ်လိုစည်းစိမ်ခံစား ချင်သလဲ အကုန်ရတယ်။ ငရဲပြည် ထဲမှာ နေကြပေမဲ့နတ်စည်းစိမ်တို့ နတ်သုဒ္ဓါလိုဟာတွေအားလုံး ပိုက်ဆံရှိတဲ့သူတွေအတွက် အား လုံး ဖြစ်နိုင်တယ်။
ကန်တော်ကြီးနားက ဟို တယ်ကြီးတစ်ခုမှာ ဟိုတယ်ခန်းမ ထဲဝင်လိုက်တာနဲ့ တံခါးမကြီးကို လှပျိုဖြူတွေ ဟိုတယ်ဧည့်ကြို တွေကခင်ဗျားကို ရှင်ဘုရင် တစ်ပါးလို ကြိုဆိုနေကြတယ်။ စန္ဒယားလိုလိုအော်ဂင်လိုလို ငြိမ့် ညောင်းနေတဲ့တေးသွားက လည်း သဲ့သဲ့ကလေးထွက်ပေါ်နေတယ်။ ရုတ်တရက် နတ်ပြည်ထဲရောက် သွားသလိုပဲ။
ခင်ဗျားတို့မြန်မာပြည်ထဲမှာ နေရတာ မေ့သွားလောက်အောင် ကိုလုပ်ထားတာ။ အဲဒီလို ခမ်းနား ကြီးကျယ်တဲ့ ဟိုတယ်နန်းတော် ကြီးတွေ ရန်ကုန်၊မန္တလေး၊နေပြည် တော်၊ ချောင်းသာ၊ ငပလီ၊ ငွေ ဆောင်၊ သူဌေးကျွန်းစတဲ့နေရာ တွေအပြင် လျှို့ဝှက်တောင်ပေါ် အပန်းဖြေ အနားယူစခန်းတွေ အများအပြားကိုလည်း မြန်မာ ပြည်က ခရိုနီတွေက ဖန်တီးထား ပြီးပြီ၊ တည်ဆောက်ထားပြီးပြီ ပိုင်ဆိုင်ထားပြီးပြီဗျ။
ကျုပ်တို့ ၉၉ရာခိုင်နှုန်းသော မြန်မာပြည်သူတွေက ငအတွေ ဘ၀ရောက်နေကြပြီး ကျုပ်တို့က သံဖြူဇရပ်ချွေးတပ်စခန်းကို ဒုတိ ယကမ္ဘာစစ်အတွင်းက ရောက် သွားခဲ့ရတဲ့ ချွေးတပ်သားငဘလို ငအလိုကောင်တွေ ဖြစ်နေကြ တာ နှစ်ပေါင်း(၃၀)နီးပါးရှိနေပြီ။
ဒီနှစ်ပေါင်း (၃၀)အတွင်းမှာ သူတို့ ခရိုနီတွေက မြန်မာတစ် ပြည်လုံးကို ခြေကုပ်ယူထားပြီးပြီ။ မင်းဘူးအနောက်ဘက်အမ်းတောင် ကြားထိပ်မှာ နတ်ရေကန် အပန်း ဖြေ စခန်းလိုနေရာမျိုးတွေ၊ မေမြို့ ကနေ ပိတ်ချင်းမြောင်အဆင်းမှာ ဘယ်ဘက်ကို မှန်ပြောင်းနဲ့ လှမ်း ကြည့်လိုက်ရင် တောင်ပေါ်မှာ အပြာရောင်၊ အစိမ်းရောင်တွေ နဲ့တောင်ထိပ်နန်းတော်ကြီးတွေ တည်ထားပြီးပြီ။ မှန်ပြောင်းထဲမှာ တွေ့ရတာ နျူကလီးယားဓာတ် ပေါင်းဖိုလိုလို မှိုပွင့်ကြီးလိုလို ကြီး ကျယ်ခမ်းနားတဲ့တောင်ထိပ်နန်း တော်ကြီးတွေဗျ။ သံဆူးကြိုးတွေ တံတိုင်းတွေကလည်း အမြင့်ကြီး တွေ ပတ်ထားတဲ့တောင်ထိပ်ကို ဘယ်သူမှ တက်လို့မရဘူး။ ၁၃ရာ စု၊၁၄ရာစု၊ ၁၅ရာစုအလယ်ခေတ် က ဥရောပမြေရှင် ပဒေသရာဇ် ကြီးတွေရဲ့ရဲတိုက်ကြီးတွေအတိုင်း ဆောက်ထားကုန်ကြပြီ။
ခရိုနီကြီးတွေက ရန်ကုန်မှာ စိတ်မပျော်ရင် ချက်ချင်းပူတာအို လွင်ပြင်ကို ကိုယ်ပိုင်လေယာဉ် ကိုယ်ပိုင် ရဟတ်ယာဉ်တွေနဲ့ သွား ပြီးပူတာအိုလွင်ပြင်က မြစ်နံဘေး မှာ တောင်ထိပ်ပေါ်မှာ ဆောက် ထားပြီးတဲ့ အပန်းဖြေစခန်းကြီး တွေမှာ သွားနားချင်နားနေတာ။ နောက်ဆို ကချင်ပြည်နယ် မြောက် ပိုင်း ပူတာအိုလွင်ပြင်နဲ့ တောင် တန်းတွေပေါ်ကနေတောင် မြန်မာ ပြည်ကို အုပ်ချုပ်ချင် အုပ်ချုပ်နေ ဦးမှာ ဒါကြောင့်လည်း ဒေသခံ တိုင်းရင်းသား တပ်မတော်တွေရဲ့ စစ်ခေါင်းဆောင်တွေကို အပိုင် ပေါင်းထားနေကြတာ။ တိုင်းရင်း သားတပ်မတော် ခေါင်းဆောင် တွေက တိုင်းရင်းသားပီပီ ရိုးသား ကြပါတယ်။ လာပေါင်းရင် ပြန် ပေါင်းလိုက်မှာပဲ။ ဒါက မဆန်းပါ ဘူး။ တိုင်းရင်းသားတွေကရိုးရိုးပါ။ မရိုးတာက မြန်မာပြည်က ခရိုနီ တွေပဲ။
ပူတာအိုအိပ်မက်၊ ပူတာအိုနိဗ္ဗာန်
ပူတာအိုလွင်ပြင်ကို မျက်စေ့ ကျခဲ့တာ ဗိုလ်ချုပ်ကြီးနေ၀င်းက အရင်ဆုံးပဲဗျ။ ရှစ်လေးလုံးကာ လက (ဦးနေ၀င်းက ပူတာအိုလွင် ပြင်ထဲကို သွားရှောင်ခဲ့ဖူးတယ်။ သွားရှောင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဘာဖြစ်လို့ ပူတာအိုက အေးချမ်းသလဲဆိုတော့ ပူတာအို လွင်ပြင်နဲ့ မြစ်ကြီးနားကြားမှာ အလွန်ထူထပ်တဲ့တောင်တန်း တွေ၊ တောင်စဉ်အသွယ်သွယ်နဲ့ ချောက်ကမ်းပါးတွေကာစီးထား တယ်။ မိုင်ရာချီပြီးဝေးတယ်။ မြစ်ကြီးနားက မြောက်ဘက်ကို တပ်မတော်စစ်ကြောင်းတွေ ကား တွေနဲ့ ချီတက်ရင်တောင် ရက် ပေါင်းများစွာ တစ်ခါတရံ တစ်လ ကျော်ကြာအောင် ချီတက်ရတယ်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင်လောက်က ဆွမ်ပရာ ဘွမ်ပူတာအိုဘက်မှာ အထူးအိမ် တော်တည်ဆောက်ထားတာကို သွားရောက်စစ်ဆေးတယ်လို့ သတင်းတွေထွက်ခဲ့တယ်။ အဲဒီ ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသ အထူးရဲတိုက်ကြီး ဆောက်ထားပြီး အရေးကြီးတဲ့ပုဂ္ဂိုလ်တွေကို ထိန်း သိမ်းဖို့လိုလို ဒေါ်အောင်ဆန်း စုကြည်ကို ရွှေ့ပြောင်းထား မလိုလို သတင်းတွေ ထွက်လာခဲ့ပါတယ်။
ချီဗွေ၊ ဆွမ်ပရာဘွမ်နယ်မြေ တွေကို ဖြတ်ပြီးမှ ပူတာအိုလွင်ပြင် ကိုရောက်တာ။ ကချင်ပြည် မြောက်ဖျား တောင်တန်းတွေကြား မှာ ပူတာအိုလွင်ပြင်က အပြန့် ကြီးဖြစ်နေတာ။ ဒီအချက်က စစ် ရေးအမြင်အရ မြစ်ကြီးနားလို မြို့ ကြီးတစ်ခုနဲ့ မိုင်ရာနဲ့ချီပြီး ဝေး ကွာပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့အပြင် လူထုက ရန်ပြုဖို့၊ ၀ိုင်းရံဖို့ အလွန်ခက်ခဲ တဲ့အရပ်ဒေသတစ်ခု မြန်မာပြည် မြောက်ပိုင်းမှာ အာဏာရှင် မိသား စုတွေနဲ့ ခရိုနီမိသားစုတွေက တွေ့ရှိခဲ့ကြတာပဲ။ နတ် ပြည်နတ် နန်းတည်ဆောက်ဖို့ အကြံအစည် ရဲ့သမိုင်းအစပဲဗျ။ ပူတာအိုလွင် ပြင်ရဲ့မြောက်ဘက်မှာကလည်း ရေခဲတောင်ကြီးတွေကို ဆယ့်နှစ် ရာသီ လှမ်းမြင်နေရတယ်။ ခါကာ ဘိုရာဇီတောင်ထိပ်တွေရှိတဲ့ အရပ် ပေါ့ဗျာ။ မြန်မာပြည်ကြီးနဲ့ မြန်မာ ပြည်သူတွေရဲ့ အာရုံဝင်စားမှုနဲ့အ ကင်းဝေးဆုံးနေရာပေါ့။ မတော် တဆ လူထုက ချီတက်ဝိုင်းရံလာ ရင်ဖြစ်ဖြစ် မဟာမိတ်တပ်တွေဝင် လာရင်ဖြစ်ဖြစ် ပေါက်ဖော်၊ တ ရုတ်ကြီးထံကို ၀င်လို့လည်းအနီး ဆုံးအလွယ်ဆုံးအရပ်မှာရှိ နေ တယ်။
ဒါကြောင့် ဦးနေ၀င်းလက် ထက်ကတည်းက စစ်ရေးအမြင် အရ လုံခြုံရေးအမြင်အရ ပူတာအို ဒေသကို အလုံခြုံဆုံးဒေသလို့စပြီး ဓာတ်ကျနေခဲ့တာ ယနေ့နောက် ဆုံး အာဏာရှင်မိသားစုတွေနဲ့ ခရိုနီကြီးတွေရဲ့ စိတ်လုံခြုံမှုအရ ဆုံးသဘောအကျဆုံးဒေသဖြစ် လာနေတယ်။
ဒါကြောင့် ကချင်တို့ ရ၀မ်တို့ ဂျင်းဖော်တို့စတဲ့ တိုင်းရင်းသား ခေါင်းဆောင် တပ်မတော်ခေါင်း ဆောင်၊ စစ်ခေါင်းဆောင်တွေကို အသေအလဲကို ဖားနေကြတာ။
ကျုပ်ထောင်သူရဲဘအုပ်တို့ လို နိုင်ငံရေးအကျဉ်းသားတွေ ကတော့ ပူတာအိုမှာ ထောင်နန်းစံ ခဲ့ရတဲ့အတွက် ပူတာအိုဟာအဝေး လံဆုံး၊ မြောက်ဖျားအကျဆုံး အ ကျဉ်းစခန်းတွေပဲ။ ပူတာအိုဟာ ကျုပ်တို့လိုနိုင်ငံရေးသမားတွေ ကျောင်းသားတွေအတွက် ပူတာ အိုအကျဉ်းစခန်းပဲဗျ။ ရှမ်းတိုင်း ရင်းသားခေါင်းဆောင်ဦးခွန်ထွန်း ဦး၊ ၈၈ကျောင်းသားခေါင်းဆောင် ကိုအောင်သူအစရှိတဲ့သူတွေ ကတော့ ပူတာအိုဟာ ငရဲပြည်ဖြစ် ခဲ့ရတာဗျာ။ ညဘက်ဆို ပူတာအို ထောင်ထဲမှာ သေလောက်အောင် ချမ်းတယ်။ ဘာပဲဖြစ်ဖြစ် ခရိုနီတွေ အာဏာရှင်တွေအတွက် ပူတာ အိုက နတ်နန်း၊ ကျုပ်တို့နိုင်ငံရေး အကျဉ်းသားတွေအတွက်က တော့ပူတာအိုထောင် ဟာငရဲပြည် သက်သက် ဖြစ်ခဲ့တာပဲ။
ခရိုနီတွေက ပူတာအိုကနေ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ပူတာအိုဒေသကို အခြေစိုက်ပြီး မြောက်ဘက်ဟိမ၀န္တာရေခဲ တောင်ကြီးတွေအပေါ် ဃဘေူနွှမငေည ကောင်းကင်ကြိုးရထားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ၀ဲပျံသွားပြီး ကမ္ဘာ့လှည့်ခရီးသွား လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ပြီးအမြတ် ငွေရှာဖို့ ကြံနေတာကြာနေပါပြီ။
ကျုပ်ဘအုပ်ကလည်း သတိ ပေးလိုက်ချင်တာ။ ပူတာအိုက ရန်ကုန်မြို့လေးကနေ အဝေးဆုံး အရပ်ဆိုပေမဲ့ အမေရိကန်အမှတ် (၇)ရေတပ်မတော်အခြေချထားတဲ့ ထိုင်ဝမ်နဲ့တရုတ်ပြည်မကြီးကြားက တောင်တရုတ်ပင်လယ်နဲ့ အနီးဆုံး အရပ်ဖြစ်နေတယ်ဗျာ။ ထိုင်ဝမ် ကျွန်းကာကွယ်ရေးအတွက် အမေရိကန်အမှတ်(၇) ရေတပ်မ တော်ရဲ့လေယာဉ်တင် သင်္ဘော ကြီး တစ်စင်းကတောင်တရုတ် ပင်လယ်နဲ့ထိုင်ဝမ်ရေလက်ကြား မှာ အမြဲတမ်ျးအညေိ ဘပ ရှိနေ တယ်။ သူတို့ရဲ့အဓိကတာဝန်က ထိုင်ဝမ်ကို တရုတ်ပြည်က ရုတ်တ ရက်ဝင်မတိုက်နိုင်အောင်ကာကွယ် ဖို့ လွန်ခဲ့တဲ့ ၁၉၄၉ခုနှစ်ကထဲက မဟာဗျူဟာချထားခဲ့တာပါ။အမေ ရိကန်လေယာဉ်တင်သင်္ဘောကြီး တစ်စီးမှာ စစ်သည် ၅၀၀၀ကနေ ၈၀၀၀အထိပါဝင်ပြီး တိုက်လေ ယာဉ် င်္ ၁၈ လိုမျိုးအမျိုးအစားရာနဲ့ ချီပြီးတင်ဆောင်နိုင်တယ်။ နှစ် ပေါင်း ၂၀လောက်ကမ်းခြေကို လောင်စာဆီဖြည့်ဖို့ကပ်ဖို့မလိုဘဲ နျူကလီးယားစွမ်းအင်သုံးအင်ဂျင် တွေ တပ်ဆင်ထားတယ်။ ကမ်း ခြေကို သောက်ရေအတွက် ဘယ် တော့မှ ကပ်စရာ မလိုဘူး။ ရိက္ခာ အစိုအခြောက်က နှစ်နဲ့ချီပြီး စား လို့ရအောင် တင်ထားတာ လေ ယာဉ်တင်သင်္ဘောကြီးတစ်စင်းဟာ အလက်ဇန်ဒါး သဂရိတ်ရဲ့ တပ်မတော်ကြီးတစ်ခုလို့သတ်မှတ် လို့ရတယ်။ အဲဒီအမှတ်(၇) အမေရိကန်ရေ တပ်နဲ့ကျတော့ ပူတာအိုလွင်ပြင်က အနီးဆုံးပြန် ဖြစ်နေတယ်ဗျ။
အိုစမာဘင်လာဒင်ကလည်း မြန်မာပြည်က ခရိုနီတွေလိုပဲ စဉ်း စားခဲ့တာပါ။ ပါကစ္စတန်ပြည် မြောက်ဖျားက တောင်ထူထပ်တဲ့ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ စစ်တပ်မြို့ကလေးမှာ ဘင်လာဒင် သွားပုန်းအောင်းနေခဲ့တာပဲ။ ဒါပေ မဲ့ နောက်ဆုံးတော့ မိနစ်ပိုင်းပဲ ကြာပါတယ်။ ဘင်လာဒင်ဇာတ် သိမ်းသွားခဲ့တာပဲမဟုတ်လား။ ကမ္ဘာ့အလုံခြုံဆုံး နေရာလို့ထင်ရ တဲ့ ပါကစ္စတန် မြောက်ဘက် ခိုင်ဘာတောင်ကြား လွင်ပြင်ထဲမှာ ပုန်းနေတဲ့ဘင်လာဒင် ပင်လယ်နီ ထဲကိုထာဝရ ရေငုပ်သွားခဲ့ရတာပဲ မဟုတ်လား။ အမေရိကန်သမ္မတ အိုဘားမားပြောတဲ့စကားနဲ့ပြောရ ရင် ““ခင်ဗျားတို့တတွေ ဒီကမ္ဘာမြေ ပြင်ပေါ်မှာ ဘင်လာဒင်လမ်း လျှောက်နေတာကို ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ပါဘူး””တဲ့။
ဒီကနေ့ မဟုတ်မတရားလုပ် ထားတဲ့ မတော်မတရားအခွင့် အ ရေးယူထားတဲ့သူတွေ၊ လူထုကိုရန် သူလို ကြောက်လန့်နေတဲ့သူတွေ၊ လူငါးယောက်တန်းစီလျှောက်လာ ရင်တောင်ကြောက်လန့်ခြောက် ချားနေရတဲ့သူတွေရဲ့ဘ၀ကို မြန် မာပြည်က ခရိုနီတွေ ကျရောက် နေပြီလေ။ ဆင်ဖြူမျက်နှာ ဆင် မည်းမကြည့်သာဆိုသလိုပေါ့ဗျာ။
ကျုပ်တို့ခင်ဗျားတို့ မြန်မာ ပြည်က ဆင်းရဲသားတွေဘ၀က နေမကောင်းရင် ဖျားနာရင် ရောဂါ ဖြစ်ရင် ပြည်သူ့ဆေးရုံနဲ့ပဲ စခန်းသွားကြရ။ ဆေးဖိုးမတတ်နိုင် လို့ လွယ်လွယ်နဲ့သေကြရ။ မသေ သင့်ဘဲ သေကြရပေါ့ဗျာ။
ဆရာကြီးဒေါက်တာသန်းထွန်း တောင် အဆစ်ပါသွားသေးတယ်။ ဆရာကြီးဒေါက်တာသန်းထွန်း ဟာ မသေသင့်ဘဲသေခဲ့ရတာဗျာ။ လူထုဒေါ်အမာမွေးနေ့ကိုတောင် သမန်အင်းကတောင်လေးလုံးကျောင်း တိုက်မှာလုပ်ခဲ့တယ်။ ဆရာကြီး လည်း တပည့်တွေ၊ မိတ်ဆွေတွေ တွေ့ဆုံတာနဲ့ဝမ်းသာပြီး ဆနွင်း မကင်းတွေ ရင်ကျပ်စာတွေ လက် ဖက်တွေ အတော်စားပစ်လိုက် တယ်။ ညဘက်ကျတော့ ချွဲတွေ ထပြီး အမောဖောက်လာတယ်။ အနီးက ဆေးခန်းသွားနှိုးတော့ ဆရာဝန်က မလိုက်နိုင်။ နောက် ဆုံးဆေးရုံတင်တော့ ဆေးရုံမှာ ချွဲစုပ်တဲ့စက်က ပျက်နေတယ်တဲ့။ ဆရာကြီးဒေါက်တာ သန်းထွန်းက နေ့လယ်ကပဲ အကောင်းကြီး ညပိုင်းမှာ ချွဲစို့ပြီး လေပြန်ပိတ်ကာ သေသွားရတာပဲ။ ချွဲစုပ်စက်ဆိုတာ ကမ္ဘာမှာဘောပင်တို့ပေတံတို့၊ကော် ဖီမစ်တို့ဝယ်သလို ၀ယ်လို့ရတဲ့ ပစ္စည်းဖြစ်နေပြီ။ အရေးပေါ်ဆေး ရုံကားလာရင် ကားပေါ်မှာ ချွဲစုပ် စက်တို့နှလုံးပြန်ခုန်အောင် လုပ် ပေးတဲ့ကိရိယာတို့ အသက်ကယ် ပိုက်တို့၊ အောက်ဆီဂျင်တို့ကပါ လာတာပဲ။ ၉၁၁ နှိပ်လိုက်ရင် ၁၅ မိနစ် အတွင်းရောက်တယ်။ ကျုပ် တို့မြန်မာပြည်သူတွေမှာတော့ ဆရာကြီး ဒေါက်တာသန်းထွန်းလို အကောင်းကြီးကနေချွဲစို့ပြီး သေလို သေကြရ။
ဒီကနေ့ကမ္ဘာမှာလူတွေ ကို သေမင်းဆီ သေချာပေါက်ပို့ ပေး နေတာက နှလုံးံနမေအ ဗအအခေု အတိုက်ခိုက်ခံရတာ။ ကင်ဆာနဲ့ ဗှီု တို့ လောက်ပဲ ရှိတော့တာ။ကျန်ရောဂါတွေက လူတွေကို သေခြင်းတရားက ဝေးကွာအောင် ဆွဲ ဆန့်ထားနိုင်နေပြီ။ ဟန့်တား ထားနိုင်တယ်။ သက်တမ်းစေ့နေ သွားလို့ရတယ်။ တလောက လှိုင် သာယာမှာ ကျုပ်မိတ်ဆွေရဲ့ညီမ ၀မ်းကွဲတစ်ယောက် ညတွင်းချင်း သေတော့မယ်ကြားတော့ ကျုပ် စိတ်မကောင်းဘူး။ ညဘက် ဖုန်း ဆက်လာတယ်။ သေသွားပြီတဲ့။အသက်ဘယ်လောက်လဲမေးတော့ ၃၀ လောက်ပဲရှိသေးတယ်။ ဘာရောဂါကြောင့် သေသွားတာလဲမေးတော့ ဆီးချိုနဲ့သေတာတဲ့။ ဆီးချို သွေးချိုဆိုတာ ကမ္ဘာပေါ်မှာ ဒီကနေ့ သေစေနိုင်တဲ့ရောဂါမှမဟုတ်တော့တာဗျာ။
သက်တမ်းစေ့ဆေးသောက်ထားပြီး အသက်ရှင် သွားလို့ရနေပြီ။ အသက် ၈၀၊ ၉၀လောက်အထိတောင် စနစ်တကျ ဆေးမှန်မှန်သောက် အစား အသောက်ပုံစံပြောင်းလိုက်ရင်နေသွားလို့ရနေပြီ။ မြန်မာပြည် လှိုင်သာယာက ကျုပ်မိတ် ဆွေရဲ့ညီမ ၀မ်းကွဲလေး အသက်သုံးဆယ်နဲ့ ဆီးချိုရောဂါနဲ့သေသွားခဲ့ရပြီ။ သမီးကလေးကိုးနှစ်အရွယ်က လူ လောက အလယ်မှာ မျက်နှာငယ်စွာကျန်ရစ်ခဲ့ပြီဗျာ။ ကျုပ်စိတ်ထိခိုက်လွန်းလို့ ခင်ဗျားတို့ဘာလို့ ဆေးရုံမပို့တာလဲ။ ဘာဖြစ်လို့ လူနာကိုဝိုင်းကြည့်ပြီးသေမယ့်အချိန်ကို ထိုင်စောင့်နေကြ တာလဲ မေးတော့ ဆေးရုံကလည်းမနိုင်တော့ဘူးတဲ့။ ဒါကြောင့် ဆေးရုံမတင်တော့ဘဲ အိမ်မှာပဲ အသေ ခံလိုက်ကြတာတဲ့။
ကျုပ်တို့မြန်မာပြည်က ကမ္ဘာမှာ ကံအဆိုးဆုံးတိုင်းပြည်တစ်ခု ဖြစ်နေပြီဗျာ။ မည်သည့်လူသား မည်သည့်နိုင်ငံသားတစ်ဦးဟာ သူရဲ့နောက်ဆုံးအချိန်ထိ ဆေးရုံ တစ်ခုရဲ့အခန်းထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေ ဆေးရုံးသုံးအသက် ကယ်ကိရိယာတွေရဲ့အကြားမှာပဲ သေဆုံးခွင့်ရှိကိုရှိရမယ်ပေါ့ဗျာ။ ဗဟုသုတချို့တဲ့,တဲ့မိသားစုမိတ်ဆွေရပ်ကွက်က လူတွေဟာအဲဒီလူနာရဲ့ နောက်ဆုံးအချိန်ကို ဆုံးဖြတ်ခွင့်မရှိစေရဘူးဗျာ။ အဲဒါဒီကနေ့ ယဉ်ကျေးတဲ့ကမ္ဘာရဲ့နိယာမပဲဗျာ။
အသည်းအသန်ဝေဒနာခံစားနေရတဲ့လူသားတစ်ဦးက သူကို ဘယ်ကိုပို့ပါ။ဘယ်လိုလုပ်ပါ။ဘယ် လိုဆုံးဖြတ်လိုက်ပါလို့ မဆုံးဖြတ်နိုင်တော့ဘူးလေ။ ကျန်းမာရေး ဆိုးရွားလွန်နေတဲ့လူသားတစ်ဦး၊ နိုင်ငံသားတစ်ဦးဟာ ဆေးရုံတစ်ခုရဲ့ ခုတင်ပေါ်မှာပဲဆရာဝန်၊ သူနာပြု၊ ဆေးဝါးကိရိယာတွေ ရှိတဲ့နေ ရာမှာပဲ ရှိကိုရှိရမယ်။ မရှိခဲ့ရင်အဲဒီ အခြေအနေကို ဖန်တီးဆုံးဖြတ်တဲ့သူတွေကို အရေးယူနိုင်ခွင့်ဥပ ဒေတွေ ပြဌာန်းဖို့လိုနေပြီ။
ကျုပ်တို့မြန်မာပြည်သူတွေရဲ့ဘ၀တွေ အသက်တွေ ငယ်ငယ် ရွယ်ရွယ်နဲ့မသေသင့်ဘဲ သေကြရ ဖြစ်နေတာက တိုင်းပြည်ဆင်းရဲလို့ တိုင်းပြည်ဆင်းရဲအောင်လုပ်နေတဲ့ခရိုနီစနစ်ဆိုး၊ ခရိုနီတွေနဲ့ ပေါင်းစားနေတဲ့အာဏာရှင်ဟောင်းတွေရဲ့ လက်ချက်ကြောင့်ပဲဗျာ။ ပေါက်ပင် ကဘာလို့ကိုင်းရတယ်။ ဗျိုင်းနားလို့ကိုင်းရတယ်။ ဗျိုင်းဘာလို့နားရတယ်။ ငါးပေါ်လို့နားရတယ်။ ငါးဘာလို့ပေါ်ရတယ်။ကျွဲလူးလို့ပေါ်ရတယ်။ ကျွဲဘာလို့လူးရတယ်။ ဖြုတ်ကိုက်လို့လူးရတယ်။ ဖြုတ်ဘာလို့ကိုက်ရတယ်။ မိုးရွာလို့ကိုက်ရတယ်။ မိုးဘာလို့ရွာရတယ်။ ဖားအော်လို့ရွာရတယ်။ ဖားဘာလို့အော်ရတယ်။ မြေကိုက်လို့ အော်ရတယ်။ မြေဘာလို့ကိုက်ရတယ်။ ငါ့ဝမ်းပူစာမနေသာလို့ ကိုက်ရတယ်ဆိုတဲ့ မြန်မာ့စကားပုံလိုပဲကျုပ်တို့မြန်မာပြည်မှာ ဒီကနေ့ဖြစ်ပျက်နေကြတယ်။
ခရိုနီစနစ်ဖြစ်ပေါ်ပေမဲ့ ရေခံ မြေခံရာသီဥတုခံတွေရှိခဲ့လို့ အဲဒီ ခရိုနီစနစ်ကို စိုက်ပျိုးတဲ့ အာဏာရှင်တွေရှိလို့ အောင်မြင်ခဲ့တာပဲဗျာ။
နိဂုံးချုပ်ပြောရရင် ကျုပ်တော့ရှက်တယ်။ ကမ္ဘာပေါ်မှာ သန်းကြယ်သူဌေးတွေ၊ ဘီလျံနာတွေ၊ ခရိုနီတွေအများအပြားရှိနေတဲ့ကျုပ်တို့နိုင်ငံ၊ ကမ္ဘာ့ အကောင်းဆုံးကားတွေကို ကမ္ဘာပေါ်မှာ အညံ့ဖျင်းဆုံးလမ်းတွေပေါ်မှာမောင်းနေကြတဲ့အရှက်မဲ့သူဌေးတွေ၊ သူတို့စီးထားတဲ့ဖိနပ်တွေ၊ စိန်ဖိနပ်ရွှေဖိနပ်တွေ သွားဖို့ နေရာဆိုလိုလည်း ဆီးဒိုနား၊ွှမေိနမ ဆိုတဲ့ဟိုတယ်လည်း အနည်းငယ် သာရှိတဲ့တိုင်းပြည်ပါဗျာ။ သူတို့ မောင်းစရာလမ်းကောင်းကောင်းမရှိသလို သူတို့စိန်စီထားတဲ့ဖိနပ် လည်းစီးစရာနေရာကောင်း ကောင်းမရှိပါဘူး။
လမ်းမတွေပေါ်မှာ တောင်းစားနေရတဲ့ပြည်သူတွေ ဗလပွနဲ့တိုင်းပြည်။ လက်ဖက်ရည်ဆိုင် တွေမှာ စားသောက်ဆိုင်တွေမှာ ၁၆ နှစ်အောက်ကလေးအလုပ်သမားတွေနဲ့ပြည့်နှက်နေတဲ့တိုင်း ပြည်ဗျာ။ အရွယ်မရောက်သေးတဲ့ ကလေးပြည့်တန်ဆာတွေ အများ အပြားတွေ့မြင်ရတဲ့တိုင်းပြည်။ ညဘက် ရန်ကုန်လမ်းမတွေပေါ်မှာ ခေါ်ပါတင်ပါတစာစာနဲ့ ပြည့်တန်ဆာတွေ ပြည့်နှက်နေတဲ့တိုင်း ပြည်။ လယ်ယာတွေ ဆုံးရှုံး၊ လယ်တွေအသိမ်းခံရလို့ စိုက်စရာပျိုးစရာမြေမရှိလို့ လယ်မဲ့ယာမဲ့တွေရဲ့ ပစ္စည်းမဲ့ဒေါသတွေ မြေယာမဲ့ ဒေါသတွေ မီးတဟုန်းဟုန်းတောက်တော့မယ်တိုင်းပြည်။ လက်ပံ တောင်းတောင်တွေပျောက်၊ လက်ပံတောင်းတောင်လွင်ပြင်ကနေ လက်ပံတောင်း တောင်ချိုင့် ၀ှမ်းအထိဖြစ်တော့မယ်တိုင်းပြည်။
(ကြေးနီတောင်၊ စံပယ်တောင်ဘ၀ကနေ ကြေးနီချိုင့်ဝှမ်း ၊စံပယ်ချိုင့်ဝှမ်းဖြစ်ခဲ့ရပြီးပါပြီ)။
ကျုပ်တို့ထဲက တချို့တလေက မြန်မာခရိုနီတွေရဲ့ကြယ်ဝချမ်း သာမှုနဲ့သူတို့ရဲ့အနာဂတ်ကို လျှော့ တွက်တယ်။ တကယ်တော့ ခရိုနီဆိုတာ အာဏာရှင်တွေနဲ့ ဒင်္ဂါးပြားတစ်ချပ်ရဲ့ ခေါင်းနဲ့ပန်းပဲဗျ။ ခရိုနီရယ်၊ ဖက်ဆစ်ရယ်၊ အာဏာရှင်ရယ်ဟာ နှလုံးတစ်ခုထဲနဲ့အသက်ရှင်နေကြတာ။ အာဏာရှင်ကို တိုက်ပြီး ခရိုနီကိုတော့ယဉ်ပါးလာအောင် ပြောင်းလဲလာအောင် လုပ်မယ့်ဟေ့ဆိုတဲ့ အယူအဆကတော့ စိတ်ကူးယဉ်စရာတစ်ခုပဲဖြစ်လိမ့်မယ်။ ဘယ်တော့မှမအောင်မြင်နိုင်ဘူး။ ခရိုနီနဲ့ အာဏာရှင်ကို တစ်ချိန်တည်း ကျုပ်တို့တိုက်ပွဲဆင်ရမှာသာဖြစ်တယ်။ ခရိုနီနဲ့အာဏာရှင်ကို ကျုပ် ဥပမာတစ်ခုပေးချင်တယ်။
အာဏာရှင်ဆိုတာခေါ်တောနဲ့တူတယ်။ ၁၆ နှစ်သမီးပျိုလေးရှိတဲ့ အိမ်ပေါ်ကို ခေါ်တောတစ် ယောက်ရောက်လာရင် မျက်စိက သမီးဆီကမခွာတော့ဘူး။ ဖခင်ဖြစ်သူက ခေါ်တောရဲ့အန္တရာယ်ကို ကြိုတင်ခန့်မှန်းလို့ရတယ်။ ဒီခေါ်တောကို အိမ်မှာတည်းခိုင်းလို့မရဘူး။ ပြတ်ပြတ်သားသား အခြား မှာသွားတည်းလို့ ခတ်ပြတ်ပြတ်ပြောလိုက်လို့ရတယ် ။
ခရိုနီကျတော့ အရည်းကြီးနဲ့ တူတယ်။ ၁၆နှစ်သမီးချောလေးရှိတဲ့အိမ်ကို တက်လာပြီး ဖခင် မိခင်ဖြစ်သူကို အရင်ဆုံးတရားဟောတယ်။ ကြည်ညိုစရာကောင်းလာအောင် အရင်လုပ်တယ်။ ပြီးတော့မှ ပန်းဦးလွှတ်ရခြင်းရဲ့ကုသိုလ်ကြီးမြတ်ပုံကို ဖခင်ကိုတရားဟောပါတော့တယ်။ အရည်းကြီး ကို ဖခင်ဖြစ်သူက ကြည်ညိုလာတော့မှ ၁၆နှစ်သမီးလေး အရည်းကြီးလက်ထဲပါသွားတော့တယ်။
ကျုပ်ပြောပြချင်တာက အာဏာရှင်က ခေါ်တောနဲ့တူလို့ အန္တရာယ်ကို ကြိုသိနိုင်ပေမဲ့ ခရိုနီ ဆိုတာကတော့ အရည်းကြီးနဲ့တူလို့ ခင်ဗျားတို့သမီးပါသွားနိုင်တယ်ဆိုတာသတိပေး ချင်တာပါ။
ပြည်သူတွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျောင်းသားခေါင်းဆောင်အဟောင်း အသစ် တွေပါသတိပေးချင်တာက ဒီအချိန်ဟာ ဂီတနက်သံကိုစောငြိမ်းရဲ့ ချစ်ပြုံးနှင်းဆီဆိုတဲ့သီချင်းဖြစ်ဖြစ်၊ ရေနံ့သာစိုးလှိုင်ရဲ့ ကမ္ဘာကုန် ကျယ်သရွေ့ဝယ်တို့ သီဆိုပြီး အနုအလှတွေနဲ့ချစ်သူပျောက်ကို လိုက် ရှာရမယ့်အချိန်မဟုတ်ဘူးဗျာ။ ဖက်ဆစ်တော်လှန်ရေးဖက်ဆစ်တွေကြီးစိုးနေတဲ့အချိန်ကာလကြီးမှာ ကိုစောငြိမ်းတစ်ယောက်တယောတစ်လက်နဲ့ ချစ်သူပျောက်ကိုရှာခဲ့ဖူးတယ်မဟုတ်လား။ တော်လှန် ရေးသမားတွေကတွေ့တော့ အင်္ဂလိပ်သူလျှိုဆိုပြီး သတ်မယ်လုပ် တယ်။ အဲဒီမှာ သတ်မဲ့အုပ်စုတွေ ကို လူတစ်ယောက်ကတားလိုက် ပြီး ကိုစောငြိမ်းအသက်ကို ကယ်ခဲ့တယ်။ ကြောင်တောင်တောင်နဲ့ပါ အင်္ဂလိပ်သူ လျှိုမဖြစ်နိုင်ပါဘူးဆိုပြီး လွှတ်ပေးခဲ့တာ။ အဲဒီလွှတ်ပေးဖို့ပြောခဲ့တဲ့ သူက စာရေးဆရာ ရန်ကုန်ဘဆွေပဲ။
ထားပါတော့ဗျ။ အခုချိန်က ကိုစောငြိမ်းလို ဂျပန်တော်လှန်ရေး ကြီးမှာ တယောတစ်လက်နဲ့နု နေရမဲ့အချိန်မဟုတ်ဘူး။ ခေါင်းဆောင်လုပ်တဲ့သူတွေက ရဲရင့်ရမယ်။ ပြတ်သားရမယ်။ လူထုကို နိုင်ငံရေးအရ တစ်ချိန်လုံးဦးဆောင်နိုင်စွမ်းရှိရမယ့်အချိန်ဖြစ်တယ်ဗျ။
နိုင်ငံရေးခေါင်းဆောင်ဆို တာ တစ်ချိန်လုံးလူထုကို ဘယ် ဘက်က လာလာဦးဆောင်နိုင်စွမ်း ရှိနေရမယ်လေ။
အဲဒီလိုဆင်းရဲသားတွေ၊အိုး မဲ့အိမ်မဲ့ပြည်သူတွေ၊ ကျုးကျော် ရပ်ကွက်တွေ ပြည့်ကျပ်နေတဲ့ တိုင်းပြည်။ ရွာတွေ၊ လယ်သိမ်းခံ ယာသိမ်းခံ လယ်သမားပြည်သူ တွေ၊ တောင်း စားနေရတဲ့ပြည်သူ တွေ၊ ရောဂါတွေစွဲကပ်ပြီး ဆေးကု စရာမရှိတဲ့ဘ၀နဲ့ ရင်ဆိုင်ရတဲ့ ပြည်သူတွေ ဆာလောင်နေတဲ့ မြန်မာကလေးငယ်တွေ၊ တိုင်းရင်း သားဒေသတွေမှာ ပြည်တွင်းစစ် ဒဏ်ခံနေရတဲ့စစ်ပြေးဒုက္ခသည် တွေ၊ စစ်ရှောင်ဒုက္ခသည်တွေ ပြည့်နှက်နေတဲ့ ကျုပ်တို့ တိုင်းပြည် ထဲမှာသူဌေးလုပ်နေတဲ့ အမျိုးယုတ် ခရိုနီတွေ၊ ငရဲပြည်ထဲမှာ နတ်ဘုံ နတ်နန်းစံမြန်းနေတဲ့ အချောင်သ မား လူတစ်စုကိုတော့ ထောင်သူရဲ ဘအုပ်ကတော့ အပြတ်ဖြုတ်မှာပဲ ဗျို့။
ဘအုပ်နဲ့သူရိယနေ၀န်းကို ဒင်းတို့က အရင်ဖြုတ်မလား၊ သူရိ ယနေ၀န်းဂျာနယ်နဲ့မြန်မာပြည်သူ ရဟန်းရှင်လူအပေါင်းကို ဒင်းတို့ ကအရင်အုပ်နိုင်မလားဆိုတာ တော့ မကြာခင်မြင်တွေ့ကြရ တော့မှာပါ။
မင်းတို့လည်း ငွေဥစ္စာဓန အာဏာရှိတဲ့ခရိုနီ
ငါတို့လည်း ငွေမရှိပေမဲ့ ရွှေ အသိစိတ်ဓာတ်နဲ့မြင့်မြတ်တဲ့ပြည်သူ တစ်ရပ်လုံးပါကွ။
““မင်းလည်း ငချစ်ညို ငါ လည်းအောင်ဇေယျ””ဆ်ုတဲ့ အ လောင်းမင်း တရားကြီးရဲ့သမိုင်း ၀င်စကားနဲ့ပဲ နိဂုံးချုပ်လိုက်ပါ ရစေ..။
(ခင်ဦးစား၊ ငချစ်ညိုနဲ့ မုဆိုးခြုံကဦးအောင်ဇေယျတို့ တွေ့ခဲ့ကြတဲ့နေရာကတော့ ခင်ဦး နယ်ထဲက ထန်းတောတွေရဲ့ အလယ်မှာပေါ့ဗျာ။
အခု ခင်ဗျားတို့ ခရိုနီတွေနဲ့ ကျုပ် တို့ပြည်သူတွေတွေ့ကြရမယ့် နေရာကတော့ ပူတာအိုလွင်ပြင် မှာလား ဟူးကောင်းချိုင့်ဝှမ်းမှာ လားဆိုတာ ရွေးချယ်ကြရ တော့ မှာပေါ့။ မင်းတို့ခရိုနီတွေနဲ့အာ ဏာရှင်တွေ အလုံခြုံဆုံးလို့ထင်တဲ့ နေရာကိုပဲ ကျုပ်တို့ပြည်သူတွေ လိုက်လာခဲ့ပါမယ်။ ရေခဲတောင် တွေ ကြည့်ပြီး စောင့်နေပေါ့ဗျ။)
ထောင်သူရဲဘအုပ်
အေးချမ်းမွန် Credit To > သူရိယနေ၀န်း < Thankhttps://www.facebook.com/excellencemedia
Post a Comment