0

ခင်ရူပါ

လူသားမဆန် နှိမ့်ချခွဲခြားဆက်ဆံတဲ့ အကျင့်စရိုက်မျိုးတွေကို လက်သင့်မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က UNAIDS သံတမန်အနေနဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှု လုံးဝမရှိရေး (zero discrimination campaign) လှုံ့ဆော်မှုကို စတင် ဖော်ဆောင်လိုက်တာ ဖြစ်ပါတယ်။

“ခွဲခြားဆက်ဆံမှုအကြောင်းကို ပြောတဲ့အခါမှာ များသောအားဖြင့် ကျမတို့တွေဟာ ခွဲခြား ဆက်ဆံခံရသူတွေဘက်က သိပ်မတွေးတတ်ကြဘူး။ လူ့အသိုင်းအ၀ိုင်းထဲမှာ လူသာမန်တွေထက် နိမ့်ကျပြီး ဆက်ဆံခံရတဲ့အခါမှာ ဘယ်လို တွေ့ကြုံခံစားရသလဲ ဆိုတာ မစဉ်းစားမိရင် ဒါဟာ ခွဲခြားဆက်ဆံမှုပဲ။ ဒါဟာ ကမ္ဘာပေါ်မှာ တန်းတူ မထားခံရတာ၊ ဥပက္ခာပြု ခံရတာပဲ။ ဘယ်သူကမှတော့ ခွဲခြားပြီး နှိမ့်ချခံရဖို့ လူဖြစ်လာတာပါလို့ ကျမ မယူဆဘူး။ HIV/AIDSနဲ့ ပတ်သက်လာရင် ဒီလို အကျင့်စရိုက်မျိုးကို မလိုအပ်ဘူး။ ဒီလို နားလည်ပေးနိုင်မှု မရှိတဲ့၊ လူသားမဆန် ရက်စက်တဲ့ ခွဲခြားဆက်ဆံမှု အကျင့်စရိုက်မျိုးတွေကို ကျမတို့ လူပတ်ဝန်းကျင်မှာ လက်သင့်ခံလို့ မရဘူး။”
http://burmese.dvb.no/archives/47362

အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top