0

(AFP မှ 29 Nov 2013 ရက်စွဲပါ “I’m no saint or iconic Suu Kyi” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအတိုက်မခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင် မဟုတ်သလို၊ စံပြသင်္ကေတ လည်း မဟုတ်ကြောင်း ကာကွယ်ပြောဆိုကာ သူမသည် ဘွဲ့တံဆိပ်များကို မမက်မောကြောင်း ရိုးသား ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦးဟု သူ့ကိုယ်သူ ရှုမြင်ကြောင်း ပြောကြားလိုက်ပါသည်။

ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင်သည် ကျင့်ဝတ်သိက္ခာမဲ့သော တပ်မတော် အာဏာရှင်လက်ထပ်တွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုခြင်းကို ခံနေရသော်လည်း သူမက သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဆစ်ဒနီရောက် မြန်မာဒီမိုကရေစီခေါင်းဆောင်က သူမ၏ ပရိတ်သတ်များကို စကားပြောရာတွင် “ကျွန်မ ကိုယ် ကျွန်မ စံပြပုဂ္ဂိုလ်လို့မယူဆပဲ နိုင်ငံရေးသမား တစ်ယောက်ကိုပဲ သတ်မှတ်ထားပါတယ်။ Icon ဆိုတဲ့ စကားလုံး ကို ကျွန်မအမြဲတမ်း ကန့်ကွက်ခဲ့ပါတယ်။ ဒီ စကားလုံးက အရမ်းကို ဟောင်းလွန်းပါတယ်။ ဒါ့အပြင် သေချာအောင် ပြောချင်တာက ကျွန်မ အရမ်းဒုက္ခတွေ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသမားပါပဲ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားဖြစ်ဖို့ လိုတယ်လို့ ကျွန်မယုံကြည်ထားပါတယ်” ဟု ရှင်းလင်း ပြောဆို သည်။

အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲပြီးကာစ အရှုတ်အထွေးကာလတွင် လွတ်မြောက်လာသော အောက်စဖို့ ကျောင်းဆင်းနိုင်ငံရေးခေါင်းဆောင်က သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရလက်ထက် မြန်မာနိုင်ငံအတွက် သူမ မျှော်လင့်သော မျှော်လင့်သော အိမ်မက်မှာ စည်းလုံးညီညွတ်မှု ဖြစ်သည်ဟု ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ က ကင်ဘာရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ယခင် ၁၉၉၅ ခုနှစ်က သူတို့ တွေ့ဆုံခဲ့ကြသော ဓါတ်ပုံကို လက်ဆောင်ပေးခဲ့သည်။ ဝန်ကြီးချုပ် တိုနီအက်ဘော့ ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် မနေ့က တွေ့ဆုံခဲ့သည်။

Yangon chronicle

အေးချမ်းမွန် Credit To >ခေတ်သတင်း < Thankhttps://www.facebook.com/excellencemedia
24

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top