0


ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၁၇ သန်းနီးပါးကုန်ကျခံ ကာ တည်ဆောက်ခဲ့သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး သုံးမြို့ကိုဆက်သွယ်ထားသော ဆက်သွယ်ရေးကွန်ရက်များလွှဲ
ပြောင်းမှုအခမ်းအနားကို နေပြည် တော်ရှိ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့်နည်းပညာဝန်ကြီး ဌာန ဆက်သွယ်ရေးအော်ပရေတာ ဌာနတွင် ယခုလ ၄ရက်ကကျင်းပ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန် သံရုံးက ထုတ်ပြန်ကြေညာသည်။

အဆိုပါဆက်သွယ်ရေးကွန်ရက် များ တည်ဆောက်သည့် စီမံ ကိန်းတွင် ဖော်ပြပါမြို့ကြီးသုံးမြို့ ကို ဆက်သွယ်ထားသည့် ပင်မ ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့် တင်တည်ဆောက်ခြင်းနှင့် မြို့သုံး မြို့ရှိ မြို့ပြဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ Radio Broadband Access Environment တည်ဆောက်ခြင်း၊ အင် တာနက်ဆက်သွယ်ရေး ကွန်ရက် အဆင့်မြှင့်တင်ခြင်းနှင့် အပြည် ပြည်ဆိုင်ရာဆက်သွယ်ရေး ပင်မ ဝင်ပေါက်အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့သုံးမြို့ရှိ ဆက်သွယ်ရေး ကိရိယာနှင့်အဆောက်အအုံများ အဆင့်မြှင့်တင်မှုကို(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမကျင်းပမီတွင် စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

အေးချမ်းမွန် Credit To >The Union Daily < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top