သော်ဇင်ထက်
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။ ။ မြို့ပတ် ရထားသံလမ်းကျောက်ခဲများ ကြားတွင် သေနတ်ကျည်ဆန်တောင့် များကို အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦးက တွေ့ရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂ရက်က မင်္ဂလာ တောင်ညွန့် မြို့နယ်ရှိ မလွှကုန်း မီးရထား ဘူတာနှင့် ပုဇွန်တောင် ဘူတာကြား မိုင်တိုင်အမှတ် ၁/၁ နှင့် ၁/၂အကြားတွင် တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်ရဲစခန်းမှ သိရသည်။
အဆိုပါအသုံးပြုနိုင်သော ကျည်ဆန်တောင့်များကို မလွှကုန်းမီးရထား ရပ်ကွက် ရှိ မီးရထား ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော အသက်၁၃နှစ် အရွယ် ရှစ်တန်း ကျောင်းသားတစ်ဦးက ဒီဇင်ဘာ ၂ရက် ကျောင်းဆင်းချိန် ညနေ ၃နာရီခန့်တွင် သံလမ်း အတိုင်း နေအိမ်သို့ပြန်လာ စဉ် တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
သို့ရာတွင် နေအိမ်သို့သာ ပြန်သွားပြီး နေအိမ်မှကျူရှင်သို့ သွားရာမှ သံလမ်းတွင် ကျည်ဆန် များကို ပုံစံမပျက်ပြန်လည်တွေ့ ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့ အကြောင်းကြားခဲ့ ကြောင်း သိရသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/NG8MTr
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment