ရန်ကုန် ၊ ဒီဇင်ဘာ ၂ ၊
မြန်မာ နိုင်ငံသည် စစ်အာဏာရှင်လက် အောက်ကျရောက်ခဲ့ရခြင်း သည် စီးပွားရေးကြောင့်မ ဟုတ်ဘဲ စစ်တပ်ကကိုင်မထား ပါက ပြည်ထောင်စု ကြီးပြိုကွဲ သွားမည်ဟူသော ဝါဒဖြန့်ချိ ရေးကြောင့် ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဝေဖန် လိုက်ကြောင်း သိရသည်။ဒီဇင်ဘာ ၁ရက်က ဩစ တြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်အောင်ဆန်းစု ကြည်သည် မြန်မာမိသားစုများ နှင့်တွေ့ဆုံစဉ် ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
''အခုခေတ်မှာဆိုရင် နိုင်ငံ ရေးကအရေးမကြီးဘူး။ စီးပွား ရေးတောင့်တင်းရင်ပြီးရော ဆို ပြီး ဒီလိုပြောကြတယ်။ အဲဒီလို ဆိုရင် ကျွန်မတို့အမြဲပဲသတိပေး တယ်။ ၁၉၆၂ခုနှစ်၊ စစ်အာဏာ ရှင်လက်အောက်ကို ရောက် သွား တဲ့အချိန်မှာ ကျွန်မတို့နိုင်ငံ ဟာ စီးပွားရေးအရပြဿနာ တွေရှိနေတဲ့နိုင်ငံမဟုတ်ဘူး။ ပြဿနာကတော့ အမြဲရှိတာ ပေါ့။ ကျွန်မပြောချင်တာက အဲ ဒီတုန်းက ကျွန်မတို့ဟာစီးပွားရေး အရ တိုးတက်နေတဲ့နိုင်ငံတစ်ခု အသတ်မှတ်ခံရတာ ကျွန်မတို့ ပြည်သူလူထုတွေရဲ့စီးပွားရေးအခြေအနေဆိုတာလည်း အဲဒီ ခေတ်အခါတုန်းဆိုရင် ကောင်း တယ်လို့ပြောရမယ်။ အဲဒီတုန်း က စစ်အာဏာရှင်အောက်ရောက် ခဲ့တာဟာ စီးပွားရေးအကြောင်း ကြောင့်မဟုတ်ဘူး။ လူမှုရေးအ ကြောင်းကြောင့်မဟုတ်ဘူး။ နိုင်ငံရေးအကြောင်းကြောင့်။ ဒီစစ်တပ်ကမကိုင်ထားလို့ရှိရင် ပြည်ထောင်စုကြီးက ပြိုကွဲသွား မယ်ဆိုတဲ့ဝါဒဖြန့်ချိရေးက အဲဒီ တုန်းကစတာပဲ။ အဲဒီတုန်းကစ ပြီးတော့ အဲဒီတုန်းကနေ ကျွန်မတို့ ဟာ အာဏာရှင်အောက်ရောက် သွားတာပဲ။ ဒါကြောင့် ကျွန်မတို့ အားလုံးနားလည်ရမှာက ပြည် ထောင်စုကြီး ပြိုကွဲရေး၊ မပြိုကွဲ ရေးဆိုတာက အဖွဲ့အစည်းတစ်ခု တည်းနဲ့မဆိုင်ဘူး။ စစ်တပ်နဲ့လည်း ဆိုင်တာမဟုတ်ဘူး။ ကျွန်မတို့အား လုံးနဲ့ဆိုင်တယ်။ ဒါကြောင့် ကျွန်မ တို့ပြည်သူပြည်သားတွေ ညီညွတ် မယ်ဆိုရင် ပြည်သူပြည်သား တွေက တစ်စိတ်တည်းတစ်ဝမ်း တည်ဖြစ်မယ်ဆိုရင် ကျွန်မတို့ပြို ကွဲစရာအကြောင်း ဘာမှမရှိဘူး'' ဟု ပြောကြားခဲ့သည်။
''အစိုးရစနစ်တစ်ခုဆို တာဟာအစိုးရတင်မကဘူး၊ နိုင် ငံတစ်နိုင်ငံ လုံးရဲ့ အခြေအနေတစ်ရပ်လုံးပြောင်းလဲစေတယ်။ ကျွန်မတို့ပြည်သူ ပြည်သားတွေ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်အပေါ်မှာ လွှမ်း မိုးမှုရှိနေတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က နိုင်ငံရေးသိပ်ပြီးတော့ အလေးထားတာပါ''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment