0


Sunday , 1 December 2013

ရုရှားနိုင်ငံသည် ၎င်း၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သစ် PAK-DA နှင့်ပတ်သက် သည့် သုတေသနနှင့် ထုတ်လုပ်မှု ဆိုင်ရာ ရာနှုန်းပြည့် လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ရုရှား နိုင်ငံ၏ United လေယာဉ်ထုတ် လုပ်ရေး ကော်ပိုရေးရှင်း၏ အကြီးအကဲ Mikhail Pogosyan က ပြောကြားခဲ့သည်။

PAK-DA လေယာဉ်ထုတ်လုပ်မှု မြန်ဆန်စေရေး ဆုံးဖြတ်ချက်ကို ၂ဝ၁၃ ခုနှစ်တွင် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ရုရှား လေတပ်ဖွဲ့၏ အနာဂတ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုတွင် Po-gosyan က ပြောကြားခဲ့သည်။

PAK-DA လေယာဉ် ထုတ်လုပ်ရေး စီမံကိန်းကို ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါ လေယာဉ်၏ သုတေသန နှင့် ထုတ်လုပ်မှု ဆိုင်ရာ ရာနှုန်းပြည့် လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ်တွင် စတင်ရန် အသင့်ရှိကြောင်း Pogosyan က ထပ်လောင်း ပြောကြားခဲ့သည်။ PAK-DA လေယာဉ်တွင် ခေတ်မီ အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များ၊ နျူကလီးယား စွမ်းအင်သုံး တာဝေးပစ် ခရုဇ် ဒုံးကျည်သစ်များနှင့် တိကျမှု မြင့်မားသည့် သမားရိုးကျ လက်နက်များ တပ်ဆင်သင့်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

အဆိုပါ PAK-DA လေယာဉ်ကို ၂ဝ၂ဝ ပြည့်နှစ်၌ ရုရှား နိုင်ငံ၏ Kazan လေယာဉ်ထုတ် လုပ်ရေး အဖွဲ့အစည်း (KAPO) တွင်ထုတ်လုပ်သွားရန် မျှော်မှန်း ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ PAK-DA လေယာဉ်ကို လာမည့် ဆယ်စုနှစ်အတွင်း ရုရှား နိုင်ငံ၏ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သော Tupolev Tu-95MS Bear မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၆၃ စင်းနှင့် Tu-160 Blackjack မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၁၃ စင်းတို့ နေရာ တွင် အစားထိုး သွားမည် ဖြစ် ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top