0


အသံထွက်ဓမ္မဒါနက
အရေးပါလှသလို
အသံတိတ် ဓမ္မဒါနကလည်း
အရာရောက်လှပါတယ်။

ကိုယ်က စိတ်သဘောထားဖြူစင်နေရင်
ကိုယ့်ကိုကြည့်ပြီး သူတစ်ပါးလည်း
စိတ်သဘောထားဖြူစင်အောင်
ကြိုးစားချင်လာပါတယ်။

ကိုယ်ကစကားပြော သိမ်မွေ့နေရင်
ကိုယ့်ကိုကြည့်ပြီး သူတစ်ပါးလည်း
စကားပြောသိမ်မွေ့အောင်
အားထုတ်ချင်လာပါတယ်။

ကိုယ်ကအပြုအမူလုပ်ရပ် မြင့်မြတ်နေရင်
ကိုယ့်ကိုကြည့်ပြီး သူတစ်ပါးလည်း
အပြုအမူလုပ်ရပ် မြင့်မြတ်အောင်
ဆောင်ရွက်ချင်လာပါတယ်။

“ဒီလိုစိတ် ထားပါ၊ ဒီလိုစကား ပြောပါ၊ ဒီလိုအလုပ် လုပ်ပါ”လို့
နှုတ်က ထုတ်မပြောပေမယ့်
ထုတ်ပြောတာထက်
ပိုပြီးထိရောက်ပါတယ်။

(အရှင်ဆန္ဒာဓိက)
(စိတ်အားဖြည့် ဓမ္မရေတံခွန်စာအုပ်မှ)

အေးချမ်းမွန် Credit To > နှလုံးသားအာဟာရ < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top