0


လက်တလော တိုကျို Motor Show မှာ ဝင်ရောက်ပြသထားတဲ့ Kawasaki ကုမ္မစီရဲ့  J Motorbike ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား သီးသန့် အသုံးပြု တဲ့ ပြိုင်ဆိုင်ကယ် ဖြစ်ပြီး ပြပွဲမှာ ရေပန်းစားခဲ့ ပါတယ်။

သုံးဘီး ဆိုင်ကယ် ဖြစ်ပြီး ရှေ့ မှာ ၂ ဘီးပါ။ ပြိုင်ဆိုင်ကယ် ခပ်ပုပု ဖြစ်ပြီး ခါးမတ်မတ် စီးနိုင်ဖို့အတွက်လည်း မောင်းတံကို အပေါ်ပင့် နိုင်ပါတယ်။ ရှေ့ ဘီးကိုလည်း ပူးမနေပဲ ကြဲအောင် ပြောင်းလဲလို့ရတာမို့ ထိန်းချုပ်ရ လွယ်ကူ မယ့် ဆိုင်ကယ်မျိုးပါပဲ။ Tron ရုပ်ရှင်ထဲကလို အရောင်တောက်နေ တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် မော်တာ နဲ့ ဘက်ထရီ အား ဘယ်လောက်၊ ဆိုင်ကယ် စွမ်းဆောင်ရည် ဘယ်လောက် အစရှိတဲ့ အသေးစိတ် အချက် အလက် ကိုတော့ မထုတ်ဖော်ပြောကြားသေးပါဘူး။

Concept အဆင့်မှာပဲ ရှိနေသေးတာမို့ပါ။ Kawasaki J အမည်ရ သုံးဘီးဆိုင်ကယ်ကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိနိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( www.innewsmyanmar.com )

http://www.innewsmyanmar.com/2013/11/kawasaki-j.html

အေးချမ်းမွန် Credit To >International news for myanmar https://www.facebook.com/excellencemedia

Post a Comment

 
Top