0


အောင်ကိုဦး| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မန္တလေးတိုင်းတွင် ယာဉ်တိုက်မှုပေါင်း ၁၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၀၇ ဦးတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ အများဆုံးပါဝင်နေသည်ဟု ယာဉ်ထိန်းတပ်ဖွဲ့ တပ်ကြပ်ကြီးဦးဇင်ယော်က နိုဝင်ဘာ ၂၈ ရက်တွင် ပြောဆိုလိုက်သည်။

မန္တလေးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ကြောင့်ဖြစ်သော ယာဉ်တိုက်မှုမှာ အများဆုံးပါဝင်နေပြီး သေဆုံးမှုများသည်လည်း ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းများဖြစ်သည်။

ယင်း ၁၀ လအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၃၃ မှုထိ ဖြစ်ပွားခဲ့သဖြင့် ယခင်နှစ် ၁၀ လတာ ကာလအတွင်းဖြစ်ပွားခဲ့သော အမှုများဖြင့် နှိုင်းယှဉ်ပါက ရှစ် မှုလျော့ကျသွားခဲ့ပြီး သေဆုံးခဲ့သူအရေအတွက်မှာမူ ၄၇ ဦးအထိ လျော့ကျသွားခဲ့သည်ဟု ထုတ်ပြန်ထားချက်များတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၅ မှ ၂၁ ရက်အထိ တစ်ပတ်တာအတွင်း ပြည်နယ်နှင့် တိုင်း ၁၅ ခုတွင် ယာဉ်မတော်တဆမှုပေါင်း ၃၂၄ မှုဖြစ်ပွားရာ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၁၆ ဦးနှင့် သေဆုံးသူပေါင်း ၈၉ ဦးအထိ ရှိနေသည်။

ယင်းထဲတွင် မန္တလေးတိုင်းမှ ယာဉ်တိုက်မှုပေါင်း ၄၀ မှု ပါဝင်နေပြီး ဒဏ်ရာရသူ ၆၃ ဦး ၊ သေဆုံးသူ ၁၁ ဦးရှိနေသောကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားမှုအခြေအနေတွင် တတိယအများဆုံးနေရာမှ ပါဝင်နေသည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top